အပိုင်း ၅ - ပထမဆုံးတွေ့ဆုံမှု

3.7K 382 2
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၅ - ပထမဆုံးတွေ့ဆုံမှု


စုယွဲ့က စနစ်ကြောင့် စိတ်လှုပ်ရှားခြင်းမှ နောက်ပြန်ဆုတ်သွားခဲ့ပြီး မေးလိုက်သည်။ "စနစ်၊ ကုန်တိုက်မှာ ဘာရှိလဲ"

စနစ်- ကုန်တိုက်ကို Host ကိုယ်တိုင်စူးစမ်းဖို့ လိုအပ်ပြီး ယခုအချိန်တွင် မှတ်ချက်မရှိပါ။ ကုန်တိုက်သို့ဝင်ရောက်ရန် အရည်အချင်း ပြည့်မီဖို့အတွက် Host က သတ်မှတ်ထားသောအမှတ်သို့ ရောက်ရှိရန် လိုအပ်သည်။

"အင်း အဲ့လိုပေါ့" စုယွဲ့က တခဏချင်း မီးပုံးပျံတစ်ခုလို ပေါက်ကွဲလျက် မေးလိုက်သည်။ " ဒါဆို ကုန်တိုက်ထဲဝင်ဖို့ ဘယ်နှစ်မှတ်လိုအပ်တာလဲ"

စနစ်- Host က ကုန်တိုက်ထဲသို့ ဝင်ရန် အမှတ် 20 ရရှိရပါမည်။

စုယွဲ့က သူမ၏စိတ်ထဲက အမှတ်အကွက်ကို ကြည့်ကာ ၎င်းပေါ်တွင် နံပါတ် "၄" ကြီးတစ်ခုရှိနေပြီး မမေးဘဲမနေနိုင်ခဲ့ပေ။ "ဒါဆို ငါ့ရမှတ်တွေကို ဘယ်လိုတွက်မလဲ။ ငါ့မှာ ဘာလို့ လေးမှတ်ရနေတာလဲ"

စနစ်က ရှင်းပြလာသည်။ - ဤအရာကို Host ချက်ပြုတ်သော အစားအစာ၏ အရသာအပေါ် မူတည်၍ ဆုံးဖြတ်သည်။ အစားအစာကို အဆင့် S၊ အဆင့် A၊ အဆင့် B၊ အဆင့် G မှ အဆင့်ထိ ရှစ်ဆင့် ခွဲခြားထားသည်။ ၎င်းတို့အနက် အဆင့် S သည် ထိပ်တန်းအဆင့်ဖြစ်ပြီး တစ်ကြိမ်လျှင် အမှတ်တစ်ရာရနိုင်သည်။ အဆင့် G သည် အဆိုးဆုံးဖြစ်သည်။ အမှတ်တစ်မှတ်ရနိုင်သည်။ ယနေ့နံနက်တွင် Host နံနက်စာက လူတိုင်းထံမှ တညီတညွတ်တည်း ချီးမွမ်းခြင်းခံရသည်။ စနစ်၏ အစားအသောက် အကဲဖြတ်ခြင်း စံနှုန်းများအရ၊ ၎င်းသည် G အဆင့်တွင် ရှိပြီး တစ်မှတ် ရရှိသည်။ host၏ နေ့လည်စာသည် F အဆင့်ဖြစ်ပြီး နှစ်မှတ်ရရှိမည်ဖြစ်သည်။ ညစာမှာလည်း G အဆင့်မလို့ တစ်မှတ်ရရှိပြီး စုစုပေါင်း လေးမှတ် ဒီနေ့ ရခဲ့ပါတယ်။

စုယွဲ့က ဤကဲ့သို့ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now