အပိုင်း ၆၃ - ကိုယ်၀န်

2.7K 293 1
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၆၃ - ကိုယ်၀န်

သို့သော်လည်း စုယွဲ့က ချောင်ရှူးများကို လေးလုံးခန့်သာစားပြီးနောက် ဗိုက်ပြည့်သွားသလို ခံစားလိုက်ရပြီး ကျန်သည်များကို အမှိုက်ပုံးကြီး ဟန်အိုက်ကောထံသို့ ထိုးပေးလိုက်တော့သည်။ " ရဲဘော် ဟန်အိုက်ကော၊ ကျွန်မ မစားနိုင်တော့ဘူး။ ရှင်ပဲ စားလိုက်တော့။ "

ဟန်အိုက်ကောက သူမ ပန်းကန်လုံးထဲသို့ ကြည့်လိုက်သည့်အခါ တစ်၀က်မျှ ကျန်နေသေးသဖြင့် မျက်မှောင်ကြုံ့သွားလေသည်။ အစကတည်းက အများကြီး မထည့်ထားတာကိုတောင် မကုန်ဘူးလား။ " မင်း နေမကောင်းဘူးလား။ ဘာလို့ သိပ်မစားတော့တာလဲ။ အခုတလော နည်းနည်းလေးပဲ စားနေတယ်။ "

စုယွဲ့လည်း သတိထားမိကာ ပြောခဲ့သည်။ " ဟုတ်တယ်၊ ကျွန်မကိုယ်တိုင်ကိုက သိပ်မစားချင်နေတာ။ "

ဟန်အိုက်ကောက ကိုင်ထားသည့် တူကိုချလိုက်ကာ စုယွဲ့ နဖူးကို စမ်းကြည့်ရင်း စိုးရိမ်စွာ ပြောခဲ့သည်။ " အရင်က ဖက်ထုပ်ဆို ခုနစ်ခု ရှစ်ခုလောက်ထိ စားနိုင်ပါတယ်။ အခုကျ နည်းနည်းလေးပဲ စားနိုင်တယ်။ မနေ့ကလည်း ဟော့ပေါ့ကို နည်းနည်းလေးပဲ စားတယ်။ ယွဲ့အာ နေကောင်းရဲ့လား။ "

စုယွဲ့ ပြန်စဥ်းစားကြည့်လိုက်သည့်အခါတွင်လည်း ဟုတ်သလိုပင်။ ဘာမှကို သေချာမစားချင်နေတာဖြစ်ပြီး နှစ်လုပ်လောက်စားရင်ကို ဗိုက်ပြည့်နေပြီဖြစ်သည်။ သူမ စားချင်စိတ်ဖြစ်၍ စားလိုက်သည့်အခါတွင်လည်း အရသာကမရှိ ဖြစ်နေတက်ပြီး ယခင်က ဤသို့တစ်ခါမှ မဖြစ်ဖူးပါ။

စားသောက်ခြင်းသည်သာ ပြဿနာရှိနေသည်မဟုတ်ဘဲ အခုတလော စိတ်လည်းဆတ်လာသလိုပင်။ ဘာမဟုတ်တာလေးနှင့် စိတ်ဆိုးတက်လာသည်။ မနေ့ညက ဟန်အိုက်ကောကို ရုတ်တရက် ထစိတ်ဆ်ိုးသွားမိသည်။ နေ့လယ်တုန်းက ​သဘာ၀မြေသြဇာ အနံ့ကိုရတော့လည်း အန်ပါအန်သေး၍ စုယွဲ့မှာ ကိုယ့်ကိုယ်ကို ဇီဇာကြောင်တယ်လို့ ထင်နေခဲ့တာဖြစ်သည်။

တွေးရင်းဖြင့် စုယွဲ့ တစ်ခုခုက်ို သဘောပေါက်လာသလိုလို ရှိသည်။ သူမ ထင်နေခဲ့သည်က ပတ်၀န်းကျင်အပြောင်းအရွှေ့ကြောင့် ထိုကဲ့သို့ ဖြစ်နေသည်ဟုပင်။ သို့သော်လည်း...ယခု စဥ်းစားကြည့်လိုက်တော့ အတွေးတစ်ခုက စိတ်ထဲ ပေါ်လာတော့သည်။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now