အပိုင်း ၁၆.၁ - အိပ်မက်

2.7K 327 1
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၁၆.၁ - အိပ်မက်


စုယွဲ့က ဟန်အိုက်ကော၏ ခြေထောက်ဒဏ်ရာကို ပြန်လည်စစ်ဆေးရန် ကွန်မြူနတီဆေးရုံသို့ သွားသည်ကို အိပ်မက်မက်ခဲ့သည်။

လမ်းဆုံတစ်ခုတွင် အမျိုးသားတစ်ဦးသည် ပိန်လှီသောအမျိုးသမီးတစ်ဦးအား လက်သီးနှင့်ထိုးနေပြီး အမျိုးသမီးသည် ယောက်ျား၏လက်သီးအောက်တွင် အားနည်းစွာငိုကြွေးကာ ပတ်ဝန်းကျင်ရှိလူများထံမှ အကူအညီတောင်းရင်း အော်ဟစ်နေခဲ့သည်။

အမျိုးသမီး၏ မျက်နှာနှင့် ခန္ဓာကိုယ် အားလုံးမှာ ဒဏ်ရာများရရှိကာ အလွန်သနားစရာကောင်းပြီး ပတ်ဝန်းကျင်မှလူများက သည်းမခံနိုင်သည့်ပုံပေါက်ကာ ယောက်ျားများကို တစ်ယောက်ပြီးတစ်ယောက် အပြစ်တင်စွပ်စွဲခဲ့ကြသည်။ စွပ်စွဲ အပြစ်တင်သော်လည်း အဘယ်သူမျှ ထိုယောက်ျားကို မတားဝံ့ပေ။ လက်ကောက်ဝတ်က ကြီးကာ ကိုင်တွယ်ရတာ မလွယ်ချေ။ လူတိုင်းက ထိုယောက်ျားရဲ့ ရိုက်နှက်ခြင်းကို ခံရမှာကို ကြောက်ကြပြီး မသွားရဲကြဘူး။

ထိုအချိန်တွင် ဟန်အိုက်မင် နွားလှည်းက ဖြတ်မောင်းသွားခဲ့သည်။ လှည်းပေါ်တွင် ထိုင်နေသော ဟန်အိုက်ကောက ဤမြင်ကွင်းကို မြင်လိုက်ရသည်။  အမျိုးသမီးသည် သူမ၏ ခန္ဓာကိုယ်အနှံ့ အရိုက်ခံရသည်ကို မြင်သော်လည်း မည်သူမျှ မတားခဲ့ကြပေ။ စစ်သားတစ်ယောက်အနေနဲ့ သူ့ရဲ့ တရားမျှတမှု ခံစားချက်က ရပ်မကြည့်နိုင်ခဲ့ဘူး။ ယောက်ျားက မိန်းမကို ရိုက်တဲ့အခါ ဟန်အိုက်မင်ကို ရပ်ခိုင်းခဲ့သည်။ ထိုလူ၏အကြမ်းဖက်မှုကို ရပ်တန့်ရန် လမ်းလျှောက်တုတ်ဖြင့် ဆင်းသွားခဲ့သည်။

ထိုလူသည် အစပိုင်းတွင် မပျော်မရွှင်ဖြစ်ခဲ့သော်လည်း တုတ်တစ်ချောင်းနှင့် ဖြစ်သည်ကို မြင်သောအခါတွင်မူ ကဲ့ရဲ့ရှုံ့ချခဲ့သည်။

ဟန်အိုက်ကောက သာမန်လူတစ်ယောက်မဟုတ်ပေ။ သူသည် ဤလက်သီးချက်မျှသာဖြင့် မည်ကဲ့သို့ ပြုတ်ကျနိုင်မည်နည်း။ သူ့ခြေထောက်များ မသန်မာသော်လည်း သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် လက်များကို သာမန်လူများက မယှဉ်နိုင်ပေ။  သူသည် ထိုလူ၏လက်သီးကို တိုက်ရိုက်ဖမ်းလိုက်ပြီး ထိုလူ၏ခွန်အားကို ဖြေလျှော့လိုက်သည်။ တစ်ဖန် သူသည် ထိုလူကို ခြေလှမ်းများစွာ နောက်ပြန်ဆုတ်ကာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now