အပိုင်း ၆၁ - ဟန်အိုက်ကောအား ချော့ခြင်းနှင့် အသီးအရွက်များစိုက်ခြင်း

2.2K 290 1
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၆၁ - ဟန်အိုက်ကောအား ချော့ခြင်းနှင့် အသီးအရွက်များစိုက်ခြင်း

စုယွဲ့က ထမင်းစားပွဲဆီသို့ ဖြေးညှင်းစွာ လျှောက်သွားပြီး ဟန်အိုက်ကောနားတွင် ထိုင်ချလိုက်ကာ "ယောက်ျား"ဟု ချွဲ့ချွဲ့နွဲ့နွဲ့ ခေါ်လိုက်သည်။ အသံမှာ ထူးဆန်းလွန်းသောကြောင့် သူမကိုယ်တိုင် ကြက်သီးထလုမတတ်ဖြစ်သွားမိသည်။ သို့‌သော်လည်း ဟန်အိုက်ကောက သူမအား အဖက်မလုပ်ခဲ့ပေ။

ဤတစ်ခေါက်တွင် ဟန်အိုက်ကော အတော်လေး စိတ်ဆိုးသွားတာ ဖြစ်လောက်သည်။ သူမကို လျစ်လျူရှုထားကာ ညစာကိုပဲ ခေါင်းငုံ့ပြီး စားနေသည်။

စုယွဲ့ ကြိုတင်တွေးထားမိသော်လည်း စိတ်ညစ်မိသည်။

ထို့နောက် ဟန်အိုက်ကောအား လက်ဖြင့် ညင်သာစွာ ပုတ်ကာ လှိုက်လှိုက်လှဲလှဲပြုံးပြပြီး ပြောခဲ့သည်။ "စိတ်မဆိုးပါနဲ့တော့ ယောက်ျားရယ် နောက်တစ်ခါ မလုပ်တော့ပါဘူး"

ဟန်အိုက်ကောက လျစ်လျူရှုထားဆဲပင် ဖြစ်ကာ စားပြီးလျှင်ပြီးချင်း ခါတိုင်းကဲ့သို့ စုယွဲ့အား စောင့်ပေးမနေဘဲ မီးဖိုခန်းထဲမှ ထွက်သွားတော့သည်။

စုယွဲ့က မျက်နှာပျက်လျက် ရှေးလူကြီးများ၏ စကားများသာ် မှန်ကန်ကြောင်း စဉ်းစားနေမိတော့သည်။ ပြောကြသလိုပင် ဒေါသမထွက်တတ်သောသူ စိတ်ဆိုးသွားပါက အလွန်ချော့ရခက်သည်။ ဒီလူသည် သူမအပေါ် တစ်ခါမျှ ဒေါသထွက်ဖူးခြင်း မရှိခဲ့ဘဲ ယခုတွင် သူမအား လျစ်လျူရှုထား၍ ချော့ရန်မှာ ထင်သလောက် မလွယ်လောက်ချေ။

ဟန်အိုက်ကော သူမဘေးနားတွင် မရှိတော့၍ စုယွဲ့လည်း အနည်းငယ်စားပြီးသောအခါ ထပ်မစားချင်တော့ပေ။ စားရသည်မှာ အရသာမရှိတော့၍ စားပွဲပေါ်ရှိ ပန်းကန်များကို သိမ်းဆည်းလိုက်တော့သည်။

စုယွဲ့ မီးဖိုချောင်အား ရှင်းလင်းနေချိန်တွင် ဟန်အိုက်ကောက အခန်းတွင်း၌ ကိုယ်လက်သန့်စင်ပြီးပြီဖြစ်သည်။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now