အပိုင်း ၃၉ - စစ်ဆေးခြင်း၊ အစားအသောက် မျှဝေခြင်း

2.7K 333 4
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၃၉ - စစ်ဆေးခြင်းအစားအသောက် မျှဝေခြင်း


စုယွဲ့က မီးဖိုချောင်ထဲတွင် ကြက်ဥပူတင်းလုပ်နေခဲ့ပြီးအမှတ်များအတွက်မဟုတ်ဘဲ ရုတ်တရက် စားချင်လာသောကြောင့် ထမင်းစားပြီးချိန်တွင် အချို့လုပ်၍ မြည်းစမ်းခဲ့သည်။ 

ဒီနေ့ လီရှောင်ချင်းမှာ တစ်ခုခုလုပ်စရာရှိလို့ ဘယ်သူမှ မီးညှိမယ့်သူ မရှိတဲ့အတွက် ဟန်အိုက်ကောက မီးဖိုရှေ့မှာထိုင်ပြီး စုယွဲ့အတွက် မီးညှိပေးခဲ့သည်။ မီးညှိနေစဥ်မှာသူက ဒီနေ့ကိစ္စဖြစ်တဲ့ မစ္စ ကျောက်က မုန့်အကြောင်း တိုင်ကြားမယ်လို့ ခြိမ်းခြောက်ခဲ့တာကို ပြောပြခဲ့သည်။

စုယွဲ့ နားထောင်ပြီးနောက် သူမမျက်နှာက အေးစက်သွားသည်။

ဟန်အိုက်ကောက မေးခဲ့သည်။ "ဒီကိစ္စအတွက် မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ"

စုယွဲ့ ရဲ့လက်ထဲက လှုပ်ရှားမှုတွေက ရပ်သွားပြီး အတန်ကြာပြီးနောက် သူမသည် လေးလေးနက်နက် သက်ပြင်းချကာ သူမ၏ နာကျင်မှုကို ခုခံလျက် ပြောခဲ့သည်။ "ကျွန်မတို့ ဘာဆက်လုပ်ရမှာလဲ။ မြို့တွင်းက စီးပွားရေးတွေ ရပ်ရမှာပေါ့။ ကျွန်မတို့ မလုပ်နိုင်တော့ဘူး"

ဟန်အိုက်ကောက သူ့စိတ်ထဲမှာ ဒီအဖြေကြောင့် မအံ့ဩခဲ့ပေ။  သူမဆီ မရောက်ခင်ထဲက ဒီဆုံးဖြတ်ချက်ကို ချရမယ်ဆိုတာ သူ သိခဲ့သည်။ မြို့က ရွာနဲ့ အရမ်းနီးတယ်။ အခု ကျောက် မိသားစုက သူတို့မိသားစုက မြို့ထဲမှာ မုန့်ရောင်းတယ်ဆိုတာ သိထားသည်။ မုန့် လုပ်နည်း မရလို့ မနာလိုဖြစ်ပြီး တစ်ကယ် တိုင်ကြားချင်လို့ အထောက်အထားလိုချင်ရင် စတုတ္ထလေး နောက်ကို လျှို့ဝှက်စွာ လိုက်သွားနိုင်ကြသည်။ ဒါကြောင့် သူတို့မြို့မှာ မုန့်တွေကို ပေါ်တင် မရောင်းနိုင်တော့ဘူး။

စုယွဲ့လည်း ဒီအချက်ကို သိတဲ့အတွက် မြို့ထဲက သူမလုပ်ငန်းကို စွန့်လွှတ်ခဲ့သည်။ အနာဂတ်မှာ အိုက်မင်ကို မြို့ထဲက မိသားစုအိမ်တွေမှာ မုန့်ရောင်းခွင့် ပေးလို့မရတော့ဘူး မဟုတ်ရင် အရမ်းအန္တရာယ်များလိမ့်မယ်။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now