အပိုင်း ၁၇.၂ - ကံကြမ္မာဆိုးကို ကျော်လွှားခြင်း (၁)

2.9K 360 10
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၁၇.၂ - ကံကြမ္မာဆိုးကို ကျော်လွှားခြင်း (၁)

သူမ ပြောတာကို သူ နားမထောင်ရင် ဘယ်လိုလုပ်ရမလဲ။

စုယွဲ့ ထိုအကြောင်းကို ပိုတွေးလေလေ သူမပို၍ တုန်လှုပ်သွားလေလေဖြစ်သည်။ သူမသည် ပို၍ပြီးပြည့်စုံသော အကြံဥာဏ်ကို မရရှိသေးချိန် မလှမ်းမကမ်းမှ ထွက်ပေါ်လာသော ဆွေးနွေးသံများကို ရုတ်တရက် ကြားလိုက်ရပြီး အမျိုးသမီးတစ်ဦး၏ မရေရာသော အကူအညီတောင်းသံ တစ်ခု ထွက်ပေါ်လာသည်။

လာပြီ!

အဲဒါ သူတို့ပဲ။

စုယွဲ့က သူမလည်ချောင်းကို ရှင်းလိုက်ကာ နှလုံးခုန်နှုန်းက မြန်နေခဲ့သည်။

ဟန်အိုက်မင်က သူ့ရှေ့တွင် လူအုပ်ကြီးကို တွေ့လိုက်သောကြောင့် လှည့်ကာ ဟန်အိုက်ကောနဲ့ စုယွဲ့ကို ပြောခဲ့သည်။ "အကိုကြီး၊ အစ်မ စုယွဲ့၊ အရှေ့မှာ တစ်ခုခုဖြစ်နေပြီထင်တယ်၊ ကျွန်တော် ရပ်ပြီး သွားကြည့်ရမလား။"

စုယွဲ့က ချက်ချင်း အော်လိုက်သည်။ "မကြည့်နဲ့!"

သူမ အော်သံကြောင့် ဟန်အိုက်မင်နဲ့ ဟန်အိုက်ကော နှစ်ယောက်စလုံးက သူမကို ထူးထူးခြားခြား ကြည့်လာကြသည်။

စုယွဲ့က သူမ နားမလည်နိုင်အောင် ဖြစ်နေမှန်း သဘောပေါက်သွားပြီး ရှင်းပြခဲ့သည်။ " အစ်ကိုက ဆေးရုံပြဖို့ တန်းစီရမှာ။ ပြီးရင်လည်း မုန့်တွေရောင်းရဦးမယ်။ ရောဂါတွေ့ပြီးရင် လှည့်ကွက်ရောင်းဖို့ သွားရမယ်။ စောစောသွားရအောင်။"

စုယွဲ့၏ စကားများက ကျိုးကြောင်းဆီလျော်သည်ဟု ဟန်အိုက်မင်က ခံစားလိုက်ရပြီး ဟန်အိုက်ကော ကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားစွာ ကြည့်ရှုရတာကို နှစ်သက်သူမဟုတ်သောကြောင့် လူစုလူဝေးကိုရှောင်ရင်း နွားလှည်းကို မောင်းသွားခဲ့သည်။

လူအုပ်ကြားက ဖြတ်သွားတဲ့အခါ အားလုံးရဲ့ ဆွေးနွေးသံတွေကို နားထောင်ခဲ့သည်။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now