အပိုင်း ၄၆ - ကံဆိုးမှု၊ ခေါက်ဆွဲ

3K 333 2
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၄၆ - ကံဆိုးမှု၊ ခေါက်ဆွဲ

စုယွဲ့က တစ်နေ့ခင်းလုံး ထိုင်ပြီး ပွတ်တိုက်ဆေးကြောရတာကြောင့် ပင်ပန်းနေခဲ့သည်။ အခန်းထဲပြန်ရောက်တော့ ကုတင်ပေါ်က မထနိုင်တော့ဘူး။

ဟန်အိုက်ကောက ရေနွေးပုံးကို ကိုင်ဆောင်လာပြီး ကုတင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသော သူမကို ကြည့်ကာ သူ့ နှလုံးသားက နွေးထွေးသွားသည်။ သူမ အခန်းထဲရောက်ပြီးရင် ဘယ်လောက်နွေးထွေးလဲဆိုတာ သူမ မမြင်ဖူးဘူး။

သူ သူမဆီ လျှောက်သွားကာ ကုတင်စွန်းတွင် ထိုင်လျက် သူမ၏ ပါးပြင်ပေါ် လက်မနဲ့ ညင်သာစွာ ပွတ်သပ်ရင်း မေးခဲ့သည်။ “ပင်ပန်းနေပြီလား”

စုယွဲ့ ပျင်းရိစွာ ညည်းရင်း သူမ လက်က နောက်ကျောကို ပွတ်သပ်လိုက်သည်။

ဒါကိုမြင်လိုက်တာနဲ့ ဟန်အိုက်ကောက သူ့လက်ဖဝါးကြီးတွေကို ခါးပေါ်တင်ပြီး ညင်သာစွာ ပွတ်သပ်ပေးကာ နာကျင်မှုကို သက်သာစေပြီး စုယွဲ့လည်း သက်တောင့်သက်သာ အိပ်ပျော်လုနီးပါးပင်။

မျက်လုံးတွေ မှိတ်ထားတာမို့ ဟန်အိုက်ကောက မေးခဲ့သည်။ "မင်းအတွက် ရေနွေးကျိုထားတယ်။ ရေချိုးပြီးမှ အိပ်ချင်လား"

စုယွဲ့က ဒါကိုကြားတော့ မျက်လုံးဖွင့်ပြီး ပြောခဲ့သည်။ "လိုချင်တယ်!"

ဆောင်းရာသီတွင် အေးပြီး ယခုအချိန်တွင် လေအေးပေးစက် သို့မဟုတ် အပူပေးစက် မရှိပါ။ ရေနွေးပူပူနှင့် ထင်းသုံးခြင်းအပြင် ဆောင်းရာသီတစ်လျှောက်လုံးတွင် ဤလူအများစုက ရေမချိုးကြပေ။ များသောအားဖြင့် မျက်နှာနှင့် ခြေဖဝါးများကို ဆေးကြောပြီး ရာသီဥတု ပူနွေးလာမှသာ တစ်ကိုယ်လုံး ရေချိုးကြသည်။ ပြီးရင် ခန္ဓာကိုယ်ကို ရေချိုးသုတ်ပုဝါနဲ့ ပွတ်ကြတယ်။ အနည်းဆုံး ချေးငါးပေါင်လောက် ပွတ်တိုက်၍ရနိုင်သည်။

ဒါကို လူတိုင်းက ပုံမှန်လို့ထင်ကြပေမယ့် စုယွဲ့ကတော့ သည်းမခံနိုင်ဘူး။ သူမက သုံးရက်တစ်ကြိမ် ရေချိုးပြီး ကျန်နှစ်ရက်လောက်က ခန္ဓာကိုယ်ကို သုတ်ပေးရမှာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမတစ်ကိုယ်လုံး ရေမချိုးဖို့က သည်းမခံနိုင်ဘူး။ လီရှောင်ချင်းနဲ့ တခြားသူတွေတောင် သူမက သန့်ရှင်းမှုကို သိပ်ချစ်တယ်လို့ ထင်ကြသည်။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Waar verhalen tot leven komen. Ontdek het nu