အပိုင်း ၃၄ - ပိုကောင်းလာခြင်း။

2.5K 300 1
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၃၄ - ပိုကောင်းလာခြင်း။

ဟန်လောင်စန်း၏ မိန်းမသည် နေ့လယ်စာမစားထားသောကြောင့် ဗိုက်ဆာကာ ဆာလောင်မွတ်သိပ်နေသည်။သူမသည် ဟန်လာစန်း သူမအတွက် စားစရာ ယူ​လာပေးဖို့ စောင့်နေသော်လည်း ဟန်လောင်စန်းက သူမကို လုံးဝ ဂရုမစိုက်ဘူးဆိုတာ သူမသိပေ။ ထမင်းစားပြီးတာနဲ့ ဟန်လောင်စန်းက အလုပ်သွားခဲ့ပြီး တံခါးဝတောင် မသွားခဲ့ချေ။

သူမ ယောက်ျားက သူမကို စိတ်အနှောက်အယှက်ဖြစ်မှန်းသိပြီး ဒေါသထွက်နေခဲ့သည်။ သူမက သူမတို့မိသားစုအတွက်ပဲ ပြောတာမဟုတ်ဘူးလား။ ခြေထောက်ကုသဖို့ ပိုက်ဆံအကုန်ကုန်ရင် အိမ်ခွဲရင် တစ်ပြားမှ ခွဲလို့ရမှာ မဟုတ်လား။ သူတို့မှာ သားသမီးတွေရှိသေးတယ်၊ ကိုယ့်ကိုယ်ကို မတွေးထားဘူးဆိုရင်တောင် သူ့ရဲ့သားသမီးတွေအတွက် မင်းစီစဉ်ထားရမည်။ ဒါပေမယ့် သူမဘေးမှာ မရပ်တည်နေရုံမက သူ့အမေ သူမကို အနိုင်ကျင့်တာကို ကူညီပေးခဲ့သည်။

ပိုတွေးလေလေ ပိုမှားလေလေခံစားရပြီး တတိယဇနီး ဟန်က အလုပ်တောင် မသွားတော့ဘဲ အိမ်ထဲမှာ ဒေါသတွေ ထွက်နေပေမယ့် ဘယ်သူကမှ သူမကို လာမစည်းရုံးပေ။ မြောင်မြောင်တောင်မှ ဘယ်သွားနေမှန်း မသိဘဲ သူမကို လျစ်လျူရှုခဲ့သည်။

ဟန် တတိယဇနီးက မကူညီနိုင်ဘ​ဲ ဝမ်းနည်းသလိုခံစားလိုက်ရသည်။ သူမက ဤမိသားစုတွင် မည်သည့်အဆင့်အတန်းမျှမရှိသလို ခံစားရသည်။ ယောက္ခမက သူမကို အလေးအနက်မထားဘဲ ခင်ပွန်းသည်ပင် သူမအနားတွင် ရပ်တည်ခြင်းမရှိပေ။ ဒါဆို သူမ ဘာအတွက် နေခဲ့တာလဲ။ သူမလည်း သူမမိဘအိမ်ကို ပြန်သွားနိုင်တယ်။

ဒါကိုတွေးပြီး တတိယဇနီး ဟန်က ထကာ အဝတ်အစားအချို့ကို ထုတ်ပိုးပြီး တံခါးကို ကျောခိုင်းကာ ပြေးထွက်ခဲ့သည်။  ခြံထဲသို့ အပြေးအလွှားသွားသောအခါ ကြက်လှောင်အိမ်နားက ရွှံ့ထဲတွင် ဆော့ကစားနေတဲ့ မြောင်မြောင် တွေ့လိုက်ရသဖြင့် လှမ်းချီလိုက်ကာ အပြင်သို့ ထွက်သွားခဲ့သည်။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now