အပိုင်း ၅၄ - အိပ်မက်၊ စတင်ခြင်း။

2.3K 260 1
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၅၄ - အိပ်မက်၊ စတင်ခြင်း။

အိပ်မက်ထဲ၌ တီဗီမှာမြင်ဖူးတဲ့ ခေတ်ဟောင်းရထားသံတွေကို နားထောင်ရင်း သူမနားထဲ “ကလန်ဒန်ကလန်ဒန်” လို့ မြည်နေခဲ့သည်။

နောက်ပုံရိပ်ကို လှည့်ကြည့်လိုက်တော့ သူမနဲ့ ဟန်အိုက်ကောတို့က အစိမ်းရောင်သားရေကူရှင်တွေနဲ့ အုပ်ထားတဲ့ ဇလီဖားတုံးပေါ်မှာ ဘေးချင်းကပ်ထိုင်နေတာကို တွေ့လိုက်ကြပြီး နှစ်ယောက်သား ရေနွေးပူပူကို ကိုင်ရင်း လက်ထဲမှာ မုန့်ပေါင်းထည့်ထားကြကာ စားရင် စကားပြောနေကြသည်။

အိပ်စင်၏ တစ်ဖက်ခြမ်းတွင် လူလတ်ပိုင်း စုံတွဲတစ်တွဲရှိသည်။ အမျိုးသားက မသက်မသာဖြစ်ပုံရတယ်။ သူက မျက်လုံးမှိတ်ပြီး အိပ်ရာပေါ်မှာ လဲလျောင်းနေပေမယ့် မျက်မှောင်ကြုတ်ပြီး အစာခြောက်ကို မစားနိုင်ဘူး။ အမျိုးသမီးက အောက်ဘက်အစွန်းတွင် ထိုင်နေသည်။ သူမ၏မျက်နှာသည် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေပြီး မသိမသာသော တင်းမာမှုနှင့်အတူ သူများ ယူသွားမှာကို ကြောက်နေသလိုမျိုး သူမလက်ထဲတွင် ပျက်စီးနေသော ခရီးဆောင်အိတ်ကို ကိုင်ထားသည်။

တဖြည်းဖြည်း ညရောက်လာပြီး ရထားအပြင်ဘက်တွင် တဖြည်းဖြည်း မှောင်လာကာ ရထားပေါ်မှ ဆူညံသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ လူတိုင်းက အိပ်ငိုက်ခြင်းကို သည်းမခံနိုင်တော့ဘဲ ကုတင်ပေါ်တွင် လှဲကာ အိပ်ပျော်သွားကြသည်။

ဟန်အိုက်ကော သည် သူမအား အပေါ်ထပ်တွင် အိပ်စေကာ ခရီးဆောင်အိတ်ကို စောင့်ရှောက်ရန် အောက်ထပ်တွင် အိပ်ခဲ့သည်။ တစ်ဖက်ခြမ်းရှိ သက်လတ်ပိုင်း အမျိုးသမီးကြီးသည် နောက်ဆုံးတွင် ထိုင်ရာမှ မောပန်းနွမ်းနယ်လာကာ ငရုတစိုက် လဲလျောင်းခဲ့သော်လည်း သူမသည် အိတ်ကို ရင်ခွင်ထဲတွင် ထိတ်လန့်စွာ ဆုပ်ကိုင်ထားဆဲပင်။ ထို့ပြင် သူမ၏ခန္ဓာကိုယ်ကို ခုခံသည့်အနေအထားဖြင့် ကွေးထားခဲ့သည်။

အမျိုးသမီးရဲ့ အိတ်ထဲမှာ ကောင်းတာ တစ်ခုခုရှိနေလို့ စိတ်မသက်မသာဖြစ်နေတယ်လို့ သူမ ခံစားရသည်။ အဲ့ဒါက ပိုက်ဆံ သို့မဟုတ် တစ်ခုခုဖြစ်နိုင်သည်။ ဒါပေမယ့် ဒါက တခြားသူရဲ့ကိစ္စဖြစ်ပြီး၊ သူမနဲ့ဘာမှမဆိုင်ဘူး၊ ဒါကြောင့် စိတ်ထဲမထားဘဲ ကိုယ့်ဘာသာကိုယ် အိပ်နေလိုက်သည်။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now