အပိုင်း ၄၅ - မင်္ဂလာဆောင်

3K 338 4
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၄၅ - မင်္ဂလာဆောင်

လီရှောင်ချင်းနှင့် တခြားသူတွေက စုယွဲ့  လက်ထပ်တော့မည်ကို သိကြပြီး အားလုံးက ဝမ်းနည်းနေကြကာ ဝူချောင်းချောင်က သူမကို ပွေ့ဖက်ကာ ငိုကြွေးနေတော့သည်။

"ယွဲ့ယွဲ့ နင် ဘာလို့လက်ထပ်တာလဲ။ နင် ငါ့ကိုထားခဲ့တာ သည်းမခံနိုင်ဘူး။ နင် အရမ်းရက်စက်တာပဲ~"

စုယွဲ့က ရယ်ရမလားငိုရမလား မသိတော့ပေ။ သူမက နဖူးကိုတွန်းပြီးပြောခဲ့သည်။ "ငါ့အထင်တော့ နင်က အရသာရှိတာတစ်ခုခုမစားရမှာကို ဝန်လေးနေတယ်ထင်တယ်။ ဟုတ်တယ်မလား"

အတွေးသေးသေးလေးကို ရုတ်တရတ်ဆွဲထုတ်လိုက်တော့ ဝူချောင်းချောင်က သက်ပြင်းရှိုက်ရင်း ရှက်ရွံ့စွာ မျက်တောင်ခတ်လိုက်ပြီး အသံတိုးတိုးနဲ့ ရေရွတ်လိုက်သည်။ "နောက်ပြီး နင်ချက်ထားတဲ့ အစားအစာကို ငါစားရတာ အကျင့်ဖြစ်နေပြီ။ ဆိုရိုးစကားအတိုင်းပဲ ရိုးရှင်းမှုက ပြောင်းလဲဖို့ လွယ်ကူပြီး ကြွယ်ဝမှုကနေ ချွေတာမှုကို ပြောင်းလဲဖို့ ခက်ခဲတယ်။ အနာဂတ်မှာ နင်လုပ်သမျှကို ငါမစားနိုင်ဘူးဆို ငါတို့လုပ်ထားတဲ့အရာကို ငါမစားနိုင်တော့ဘူး။"

“ချဲ့ကားနေတာပဲ!” စုယွဲ့က ဟာသလုပ်ခဲ့သည်။ “ဒါဆို နင်ကိုယ်တိုင် အစားအသောက် ချက်ပြုတ်နည်းကို သင်ယူသင့်တယ်။ အဲ့ဒါဆို နင်ကြောက်စရာမလိုတော့ဘူး”

အခုတော့ လီရှောင်ချင်းပင် သက်ပြင်းချချင်လာသည်။ "ဟင်းချက်ကျွမ်းကျင်မှု နည်းနည်းလောက် တိုးတက်လာနိုင်ပေမယ့် နင့်လို အရသာရှိအောင် ဘယ်လိုဖြစ်နိုင်မလဲ။ ဒီဘဝမှာတော့ မဖြစ်နိုင်ဘူး"

ကျန်တဲ့ သုံးယောက်လည်း အဲလိုထင်ကြသည်။သူမတို့သည် အလုပ်ကြိုးစားရုံနေလျှင်တောင် စုယွဲ့နှင့် ဝေးကွာနေသည်။

စုယွဲ့က မျက်တောင်ခတ်ပြီး ပြုံးကာ ပြောခဲ့သည်။ "ဒါမှမဟုတ် ငါ လက်မထပ်ရင်ကော? ငါ နင်တို့နဲ့နေမယ်"

ဝူချောင်းချောင်က သူမကို လက်မထပ်အောင် ခေါင်းညိတ်ပြချင်ပေမယ့် သူမ မလုပ်ရဲပေ။ “နက်လက်မထပ်ရင် နင့်မိသားစု ဟန်အိုက်ကောက ငါတို့ကြောင့်ဖြစ်မှန်းသိရင် ငါတို့ သေမှာမဟုတ်ဘူးလား။ သူက အရပ်ရှည်ပြီး လက်တစ်ဖက်တည်းနဲ့ ငါတို့အားလုံးကို ဖြေရှင်းနိုင်တယ်။”

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now