အပိုင်း ၂၅ - သူမကို စောင့်ရှောက်ခြင်း။

2.7K 306 1
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၂၅ - သူမကို စောင့်ရှောက်ခြင်း။

အဲဒီညက မိုးက ဆက်ရွာသည်။

စုယွဲ့နဲ့ တခြားသူတွေဟာ ထောင့်မှာ တညလုံး မျက်စိမှိတ်နေကြပြီး မနက်မိုးလင်းလို့ မျက်လုံးဖွင့်လိုက်ချိန်မှာတော့ အပြင်မှာ မိုးတွေက တဖွဲဖွဲကျနေပြီး အိမ်က ငါးတွေ မွေးမြူနိုင်တဲ့ ရေကန်ကြီး ဖြစ်သွားသည်။

ဝူချောင်းချောင်က စိတ်ပျက်လက်ပျက်နဲ့ ပြောခဲ့သည်။ "ငါတို့ ကောင်းကောင်းအိပ်နိုင်မယ် မထင်ဘူး"

မြောင်လင်းကလည်း ပြောခဲ့သည်။ “ဒီအိမ်က နေလို့မရဘူးထင်တယ်။ ငါတို့ ဘယ်သွားရမှာလဲ”

စုယွဲ့ ခေါင်မိုးကို မော့ကြည့်လိုက်တော့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခေါင်မိုးပေါ်ရှိ မြက်ပင်အချို့ မျောပါသွားသည်ကို တွေ့လိုက်ရပြီး အပြင်ဘက် ကောင်းကင်ကို တိုက်ရိုက်မြင်နေရသည်။ ဒီအချိန်က မိုးရွာနေပြီဖြစ်သည်။ သူမ စိတ်ပူပင်မနေနိုင်တော့ပေ။ "မိုးရွာနေတော့ အိမ်ကိုမပြင်နိုင်ဘူး။ ဒီအတိုင်းစောင့်ရမှာလား"

လီရှောင်ချင်းလည်း အိမ်အပြင်ဘက်ရှိ ရာသီဥတုကိုကြည့်ကာ ပြောခဲ့သည်။ "ဒီမိုးက အရမ်းသည်းနေတယ်။ ​​နောက်နေ့ညထိ ဆက်ရွာနေဦးမယ့်ပုံပဲ။ ခဏတာ ရပ်မယ့်ပုံတောင်မပေါ်ဘူး။ ဒီအတိုင်းဆက်သွားရင် ငါတို့တွေ ဒုက္ခရောက်သွားလိမ့်မယ်။"

သူတို့အားလုံး စာရင်းမရှိကြပေ။ မနေ့ က မြို့လေးမှာ စိတ်အားထက်သန်စွာနဲ့ စျေးသွားဖို့ပြောခဲ့ကြသည်။ အခု စျေးသွားဖို့နေနေသာသာ စကားတောင်ပြောဖို့ ခွန်အားမရှိတော့ဘူး။

မြောင်လင်းက မျက်လုံးများ နီရဲလာကာ အိမ်လွမ်းသလို ခံစားနေရသည်။

မီးဖိုချောင်ရှိ သက်ကယ်နှင့် ထင်းများသည် မိုးသည်းစွာ ရွာသွန်းသဖြင့် စတင်ချက်ပြုတ်ရန် မဖြစ်နိုင်တော့ပေ။ ဗိုက်ပြည့်စေရန် နံနက်စာ ချက်စားလိုသော အတွေးသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ ယခုမူကား စားဖို့ အစားအစာတောင် မရှိပေ။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now