အပိုင်း ၂၃ - ငါးဝယ်ခြင်း၊ မိုးယိုခြင်း။

2.6K 289 1
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၂၃ - ငါးဝယ်ခြင်းမိုးယိုခြင်း

စုယွဲ့က ငါးကို ပထမဆုံး စကိုင်ပြီး အရိုးအားလုံးကို ဖယ်ကာ ငါးအသားသာ ချန်ထားသည်။ ရေဆေးပြီးနောက် ဓားဖြင့် အတုံးလိုက်လှီးဖြတ်ကာ ဆားထည့်ပြီး နောက်တစ်ကြိမ် ပွတ်တိုက် ဆေးကြောခဲ့သည်။ ငါးအသားလွှာများ ကြည်လင်ပြီး ပွင့်လင်းလာသည်အထိ သန့်ရှင်းသောရေဖြင့် အကြိမ်ကြိမ်ဆေးကြောပါက ငါးက လန်းဆန်းပြီး နူးညံ့လာမည်ဖြစ်သည်။

လီရှောင်ချင်းက စုယွဲ့ ပြောသည့်အတိုင်း အချဉ်ဖောက်ထားသော ဟင်းသီး ဟင်းရွက်အိုးထဲမှ ဝက်အူချောင်းကို ထုတ်ယူကာ ဝက်အူချောင်းကို ပါးပါးဖြစ်အောင် လှီးဖြတ်ကာ ပွက်ပွက်ဆူနေသော ရေနွေးဖြင့် ပြန်ပြုတ်ခြင်းဖြင့် သူမကို ကူညီခဲ့သည်။

လီရှောင်ချင်းက ယခင်က ဂေါ်ဖီချဉ်ငါးဟင်းကို မကြားဖူးသော်လည်း သို့သော် သူမသည် လူတိုင်းမကြားဖူးသော ဟင်များကို စုယွဲ့က အလွန်အချက်များသည်။ အဲ့ဒီအချိန် စုယွဲ့က ဂေါ်ဖီငါးချဉ်ဟင်းလုပ်မယ်လို့ ပြောတဲ့အခါ သူမဘေးမှာ ရှိနေခဲ့သည်။ သူမ ကူညီပြီး ဒီဟင်းလျာလေး မွေးဖွားလာဖို့ စောင့်မျှော်နေသည်။

ဘာပဲပြောပြော အရသာရှိတာဖြစ်လိမ့်မည်။ စုယွဲ့ ဟင်းချက်ပြီးကတည်းက သူတို့အနည်းစုကို နေ့တိုင်း အလုပ်သွားဖို့ စေ့ဆော်တာက စုယွဲ့ရဲ့ အရသာရှိတဲ့ အစားအစာကို အလုပ်ပြန်ရင် စားဖို့ပဲ။ အဲဒါကို တွေးကြည့်ရင် လူတွေဟာ ခွန်အားပြည့်သလို ခံစားရသည်။ ကျေးလက်ကိုရောက်တာ ရက်ပိုင်းပဲရှိသေးတယ်လို့ ခံစားရ​ပြီး ဒါပေမယ့် အခုတော့ ဘဝက တော်တော်ကောင်းတယ်လို့ ခံစားရသည်။

စုယွဲ့က ငါးအသားလွှာများထဲသို့ ဆား၊ ငရုတ်ကောင်း၊ ကြက်ဥအကာ၊ ကော်မှုန့်နှင့် အခြား ဟင်းခတ်အမွှေးအကြိုင်များကို ထည့်ခဲ့သည်။ ထို့နောက် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသော လီရှောင်ချင်းကို ပြောခဲ့သည်။ " မီးထိုးရမယ့် အချိနိရောက်ပြီ"

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now