အပိုင်း ၅၈ - ညစာစားရန် ဖိတ်ခေါ်ခြင်း

2.1K 283 2
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၅၈ - ညစာစားရန် ဖိတ်ခေါ်ခြင်း

မာချွေ့ယွင် အိမ်ထဲ ၀င်လိုက်သည့်အခါတွင် တံခါး၀တွင် ထားထားသော ဖိနပ်ဗီရိုအား တွေ့သွားပြီး မနေနိုင်ဘဲ ကိုင်ကြည့်မိခဲ့သည်။ ပြီးနောက် အားကျနေသည့်အသံဖြင့် ပြောခဲ့သည်။ " ညီမလေး၊ ဒီဖိနပ်ထားတဲ့ ဗီရိုလေးက တကယ်ကောင်းတာပဲ။ နေရာလည်း အကျယ်ကြီးမယူပဲ ထားရတာလည်း အဆင်ပြေတယ်နော်။ "

" အစ်မမာ သဘောကျရင် အစ်မလည်း တစ်ခုလောက် ရိုက်ခိုင်းလိုက်လေ။ လက်သမားဆရာ၀မ်ကို လုပ်ခိုင်းလို့ ရတယ်၊ ဘယ်လောက်မှ မကျဘူး။ "

မာချွေ့ယွင်က စုယွဲ့ စကားများကြောင့် ပျော်သွားကာ သူမအိမ်တွင်လည်း တစ်ခုလောက်တော့ ထားရမည်ဟုတွေးနေတော့သည်။ " ဒါဆိုလည်း အိမ်ပြန်ပြီး အိမ်ကလူကြီးနဲ့ တိုင်ပင်ကြည့်လိုက်ဦးမယ်။ "

မာချွေ့ယွင်သည် ဧည့်ခန်းထဲတွင် ဆိုဖာကို တွေ့သည့်အခါတွင်လည်း မျက်လုံးများတောက်လာကာ အံ့သြသွားပြန်တော့သည်။ " ညီမလေးမှာ ဆိုဖာလည်း ရှိတာပဲလား။ အရမ်းလှတာပဲ။ စျေးလည်းကြီးမယ့်ပုံပဲနော်။ ဆိုဖာရှိနေလို့လားတော့ မသိဘူး အိမ်က ပြောင်းလဲသွားသလ်ိုပဲ။ "

စုယွဲ့သည်လည်း ဤပရိဘောဂများကြောင့် အိမ်၏ အဆင့်အတန်းမှာ ပြောင်းလဲသွားသည်ကို သတိထားမိသည်။ အနည်းဆုံးတော့ တောရွာမှ စာရင်းငှားအိမ်မှ ယာပိုင်ရှင်အိမ်အဆင့်သို့ ပြောင်းသွားသလ်ိုပင်။ စုယွဲ့လည်း ကျေနပ်နေတာဖြစ်သည်။

မာချွေ့ယွင်အား ဆိုဖာတွင် ထိုင်စေကာ စုယွဲ့သည် ရေတစ်ခွက်ချပေးရင်း ဧည့်ခံလိုက်သည်။ " အစ်မမာ၊ ခုနက အစ်မကြီးနဲ့ ရန်ငြှိုးရှိလို့လား။ "

မာချွေ့ယွင်က ၀မ်လျန်ယင်း၏ အကြောင်းကို ကြားသည့်အခါ ဒေါသမပြေသေးဟန်ဖြင့် ပြောလာတော့သည်။ " အဲ့လို မဟုတ်ဘူး။ ဒီတစ်ဆောင်လုံးမှာ အစ်မ ကြည့်မရဆုံးက အဲ့၀မ်လျန်ယင်းဆိုတဲ့ တစ်ယောက်ပဲ။ အစ်မ ပြောပြမယ်၊ သိလား။ နောက်ဆို သူမနဲ့ ဝေးဝေးရှောင်။ သူမက တစ်နေကုန် လျှောက်လည်ပြီး အတင်းပြောတက်တဲ့သူမျိုး၊ အဲ့တာအပြင်ကို ကြမ်းပိုးကို လိပ်ဖြစ်အောင်လုပ်ပြောတက်တဲ့သူပဲ။ "

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now