အပိုင်း ၆၆ - မွေးနေ့ကိတ်

2.4K 301 4
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၆၆ - မွေးနေ့ကိတ်

ဆယ်မိနစ်ခန့်ကြာပြီးနောက်တွင် ဖုန်းကျွင်းဝေက မျက်လုံးများ ဖူးရောင်နေသည်အထိ ငိုနေသော သားဖြစ်သူကို ချီလျက်ရောက်လာပြီး ဟန်အိုက်ကောနဲ့ စုယွဲ့ကို တောင်းပန်စကားပြောခဲ့သည်။ " ရဲဘော်ဟန်၊ ခယ်မလေး ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်သားနဲ့ သူ့အမေရဲ့ အမှားကြောင့် မင်းတို့ကို အလန့်တကြားဖြစ်သွားစေမိလို့။ ကျွန်တော် သေချာဆုံးမပြီးပါပြီ။ အခုက သားဖြစ်သူကို ကိုယ်တိုင်တောင်းပန်ခိုင်းချင်လို့ လာခဲ့တာပါ။ "

ဖုန်းကျွင်းဝေက ဖန်းရှောင်းလီနှင့် မတူပေ။ သားဖြစ်သူကြောင့် စုယွဲ့ခြေချော်ကာ လှေကားပေါ်မှ ပြုတ်ကျမလိုဖြစ်ခဲ့သည်ကို သိပြီးနောက်တွင် အတော်ထိတ်လန့်သွားမိတာဖြစ်သည်။ ကိုယ်၀န်ဆောင်သည်တစ်ဦးသာ လှေကားပေါ်မှ ပြုတ်ကျသွားပါက ခန္ဓာတစ်ခုတည်းတွင် အသက်နှစ်သက်တည်နေတာဖြစ်၍ အတော်လေးဆိုး၀ါးသည်များ ဖြစ်သွားနိုင်ပေသည်။ ပြီးမှ တောင်းပန်လျှင်လည်း ဘာမှထူးလာမည်မဟုတ်ပါ။ ကံကောင်းလို့ ဘာမှဆိုးဆိုး၀ါး၀ါး ဖြစ်မသွားတာပင်။

ဖန်းရှောင်းလီသာ ပြေပြေပြစ်ပြစ် တောင်းပန်ခဲ့လျှင် စုယွဲ့လည်း ကလေးကို အပြစ်တင်ကာ စိတ်ဆိုးနေတော့မည် မဟုတ်လောက်သော်လည်း ဖန်းရှောင်းလီမှ သားဖြစ်သူအား မျက်လုံးစုံမှိတ်ကာ ကာကွယ်ပေးနေခဲ့သဖြင့် ဤအခြေအနေထိ ဖြစ်လာရခြင်းပင်။

သားဖြစ်သူအား အဘိုးအဘွားများက ကမ်းကုန်အောင် အလိုလိုက်ထားသဖြင့် သဘောမတူကြသည့်ကြားက သူအတင်းပြန်ခေါ်ခဲ့တာဖြစ်သည်။ မဟုတ်ပါက ကလေးသည် လုံး၀သွန်သင်ဆုံးမ၍ ရတော့မည်မဟုတ်ချေ။ သို့သော်လည်း ပြန်ခေါ်လာသည့် ပထမဆုံးနေ့မှာတင် ပြဿနာရှာပစ်လိုက်မယ်လို့တော့ ထင်မထားခဲ့ပေ။ တကယ် ဒေါသထွက်စရာပဲ!

ဖုန်းကျွင်းဝေက တွေးလေဒေါသထွက်လေဖြစ်သဖြင့် သားဖြစ်သူအား တစ်ချက်ရိုက်ကာ ပြောခဲ့သည်။ " မြန်မြန်လုပ်... တောင်းပန်လိုက်! "

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Où les histoires vivent. Découvrez maintenant