အပိုင်း ၅၁ - စာရင်းများ ဖြေရှင်းရန် ကူညီခြင်း။

2.4K 267 2
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၅၁ -  စာရင်းများ ဖြေရှင်းရန် ကူညီခြင်း။

စုယွဲ့က ဂေါ်ဖီထုပ်နဲ့ ဝက်သား ထည့်ကာ အိုးတစ်လုံးထဲ ရောမွှေလိုက်တော့ အဆာက ပြန်အသက်ဝင်လာသည်။ ဟန်အိုက်ကောက ဂျုံ လှိမ့်ပေးဖို့ တာဝန်ရှိပြီး စုယွဲ့၊ အဘွားကြီး ဟန်နဲ့ ဟန်အိုက်မင်တို့က ဖက်ထုပ်လုပ်ဖို့အတွက် တာဝန်ရှိသည်။

ဂျုံမှုန့်ဖြူဖြူနဲ့ အဆီပါတဲ့ ဖက်ထုပ်တွေကို ကြည့်ပြီး ဟန်အိုက်မင်က ဝမ်းသာအားရနဲ့ပြောခဲ့သည်။ "ကျန့်ချွေ့အာရ်က ကျွန်တော်တို့မိသားစုဆီမှာ အသားနှစ်ဂျင် ဆုံးရှုံးသွားတယ်။ သူတို့ အိမ်ပြန်တော့ သူတို့မိသားစု စကားများ ရန်ဖြစ်သံကြားခဲ့တယ်။ သူတို့မိသားစုထဲက အားလုံးက ကျန့်ချွေ့အာရ်နဲ့ ဝမ်ယရူကို အပြစ်တင်နေသလိုပဲ။ အခု မိသားစုက ငိုပြီး ဆူညံနေတယ်။ ဝမ် မိသားစုရဲ့ အကြီးဆုံးအစ်ကိုနဲ့ ယောင်းမက ဝမ်ယရူကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ထဲက လက်ထပ်ခွင့်ပေးပြီး သူမကို မနေစေချင်ဘူးလို့ သူတို့အိမ်နံဘေးက အန်တီရန် ဆီက ကြားခဲ့ရတယ်။ ပြီးတော့ သူမကို အိမ်မှာ တစ်နှစ်ကျော် ထပ်မနေစေချင်တော့ဘူး။"

မစ္စဟန်က အေးစက်စွာ နှာရှုံ့လိုက်သည်။“အဲ့ဒါက ထိုက်တန်တယ်။ မင်းရဲ့အစ်ကိုနဲ့မရီးကို ဒုက္ခဖြစ်အောင်လုပ်ထားတာ သူတို့အတွက် ဈေးဆစ်စရာအဖြစ် သူ့အသားနှစ်ဂျင်ကို ယူလိုက်ရုံပဲ။ ကျန့်ချွေ့အာရ် အဲ့ဒိအဘွားကြီးက ငါတို့မိသားစုကို နေ့တိုင်း ဆူပူကြိမ်းမောင်းနေတာတောင် ငါ သူ့ကို ဂရုမစိုက်ရသေးဘူး”


ဟန်အိုက်မင်က ရယ်ပြီး ခေါင်းညိတ်ပြခဲ့သည်။ "ဒီတစ်ခေါက် အသား နှစ်ဂျင်က သူတို့ကို ဆိုးဆိုးရွားရွား နာကျင်စေမယ်ထင်တယ်။ အနာဂတ်မှာ ကျွန်တော်တို့ မိသားစုကို ထပ်ပြီး ဒုက္ခပေးရဲလားဆိုတာ ကြည့်ရမယ်"

စုယွဲ့က ဤအဖြစ်အပျက်ပြီးနောက် ကျန့်ချွေ့အာရ်က သူမကို နောက်ကွယ်မှာသာ ဆူပူကြိမ်းမောင်းဖို့ သတ္တိရှိတော့မည်ဟု ခံစားခဲ့ရပြီး မျက်နှာချင်းဆိုင် မအော်ငေါက်ရဲတော့ဘူး။ နောက်ဆုံးတွင် သူမသည် အသားနှစ်ဂျင်ကို ပြင်းထန်စွာ ဆုံးရှုံးခဲ့ရပြီး သူမ၏ နှလုံးသွေးများ ယိုစီးခဲ့ရသည်။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now