အပိုင်း ၃၈ - နောက်ဆက်တွဲ

2.5K 312 1
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၃၈ - နောက်ဆက်တွဲ

ခွဲခွာခြင်းကြောင့် အားလုံးစိတ်မကောင်းဖြစ်နေကြပြီး အိမ်တွင်းရှိ အငွေ့အသက်များက ရုတ်တရက် ကျဆင်းသွားသည်။ အဘွားကြီး ဟန်က သက်ပြင်းချကာ ဟန်ဒုတိယဇနီးကို ထမင်းချက်ခိုင်းခဲ့သည်။ အခြားသူတွေ ဘာလုပ်သင့်လဲ။ သူမက ဟန်အိုက်ကောနဲ့ စုယွဲ့ကို သူမအခန်းထဲ ခေါ်သွားခဲ့သည်။

အဘွားကြီး ဟန်က စုယွဲ့ ဘေးတွင်ထိုင်ကာ သူမလက်ကိုကိုင်ပြီး ပွတ်သက်ကာ သက်ပြင်း ခပ်လေးလေးချပြီး သူတို့နှစ်ယောက်ကိုကြည့်ကာ သူမလေသံမှာ အပြစ်ရှိစိတ်များနှင့်ပြည့်နေသည်။ "အိုက်ကော၊ အမေ ခွဲခွာခဲ့တာကို တောင်းပန်ပါတယ်။ မင်း အမေကို အပြစ်မတင်ပါနဲ့။"

ဟန်အိုက်ကောက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်။ "အမေ၊ အမေ ဘာပြောနေတာလဲ။ ကျွန်တော် အမေ့ကို ဘာအပြစ်တင်လို့လဲ"

အဘွားကြီး ဟန်က စိတ်မသက်မသာခံစားရပြီး မျက်ရည်တွေကျမလာအောင် မျက်လုံးတွေကို ပွတ်ပြီး ပြောခဲ့သည်။ "အမေအတွက် အဆင်မပြေဘူး။ အမေက နှစ်ပေါင်းများစွာ စုဆောင်းငွေအားလုံးကို ခွဲဝေပေးခဲ့တယ်။ မင်းရဲ့ဒုတိယနဲ့ တတိယညီတွေ ယူသွားပြီ။ မင်း ဒီနှစ်တွေမှာ ပိုက်ဆံအများကြီးပြန်ပို့ခဲ့ပြီး ငါတို့မိသားစုက အရာအားလုံးက မင်းနည်းနည်းချင်းစီသာရခဲ့တယ်။မင်းရဲ့ဒုတိယနဲ့ တတိယညီအကိုတွေ ဒီလောက်ထိ ကြီးပြင်းလာဖို့ မင်းကို အားကိုးခဲ့တာ။ မင်းကို အားကိုးပြီး လက်ထပ်ပြီး ကလေးမွေးခဲ့ကြတာ။ အမေတို့မိသားစုက ငွေအားလုံးက မင်းအတွက်ပဲ ဖြစ်သင့်တယ်။အမေက မင်းရဲ့ဒုတိယနဲ့ တတိယညီကို ပိုက်ဆံအများကြီးမခွဲပေးသင့်ဘူး။ အဲ့ဒါက တစ်ကိုယ်ကောင်းဆန်လွန်းတယ်။"

ဟန်အိုက်ကောရဲ့ မျက်ခုံးတွေက မပြေလျော့သွားဘူး။ တကယ်တော့ သူ့အမေ တစ်ခုခုမှားနေတယ်လို့ မထင်ထားဘူး။ ဒါပေမယ့် သူထပ်မပြောနိုင်သေးခင်၊ အဘွားကြီး ဟန်က သူ့ကို လက်ကာပြပြီး သူ့စကားကို ရပ်လိုက်သည်။ "စကားမပြောနဲ့။ မင်း အမေ့ကို အပြစ်မတင်ဘူးဆိုတာ အမေသိတယ်။ ဒါပေမယ့် အမေက စိတ်ထဲမှာ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ အမေ့လုပ်ရပ်က မင်းအတွက် မတရားဘူး"

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now