အပိုင်း ၁၁.၁ - လမုန့်ရောင်းခြင်း

2.8K 372 7
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၁၁.၁ - လမုန့်ရောင်းခြင်း


နောက်တစ်နေ့ မိုးမလင်းမီတွင် ဟန်မိသားစု၏ စတုတ္ထသားက စုယွဲ့ထံ ရောက်လာသည်။

ဟန်အိုက်မင်က ဟန်မိသားစု၏ စတုတ္ထမြောက် သာဖြစ်ပြီး ယခုနှစ်တွင် အသက် ဆယ့်နှစ်နှစ်သာ ရှိသေးသည်။ စုယွဲ့ ရှေ့မှာ သူရပ်နေချိန်တွင် သူမ ပခုံးထိသာ ရှိနေခဲ့သည်။ သူသည် အလွန်ပိန်လှီသည်။ စုယွဲ့ အမြင်အရ သူသည် ကလေးသာသာလေးသာဖြစ်သည်။

စုယွဲ့က ကလေးလုပ်သားအသုံးပြုမှုအတွက် အပြစ်ရှိသည်ဟု ခံစားရသည်။

ဟန်အိုက်မင်ကကော ကလေးအလုပ်သမားအဖြစ် အသုံးချခံရတာကို မခံစားခဲ့ရဘူး။ ဆန့်ကျင်ဘက်အနေနဲ့ကတော့ အံ့သြသွားခဲ့ရသည်။ မနေ့က သူ့အမေက ပညာတက်လူငယ်စုက မြို့ထဲမှာ ပစ္စည်းရောင်းပြီး အမြတ်ငွေ 20 ခွဲဝေပေးမယ်လို့ ပြောခဲ့သည်။ % ကို သူကြားတာမှားတယ်လို့ ထင်ပြီး သူ ပြောတာ မမှားကြောင်းသေချာသွားပြီးနောက်မှာ သူအရမ်းပျော်သွားပြီး ခုန်ပေါက်ချင်လာသည်။

သူအလုပ်သွားရတာ မကြိုက်ဘူး ပင်ပန်းမှာကြောက်တာ မဟုတ်ဘူး။ အဓိက အကြောင်းအရင်းကတော့ ငယ်ငယ်ကတည်းက မြက်ရိတ်တဲ့အလုပ်နဲ့ သားသမီးတွေအတွက် နွားချေးကောက်တာကို တပ်ခွဲကပဲ ခွဲပေးသည်။ ပြောရမယ်ဆိုရင် အလုပ်အမှတ်က နည်းသည်။ အလုပ်အမှတ်က သူ့အတွက် စားဖို့မလောက်ဘူး။ ဒါပေမယ့် မသွားရင် မရဘူး။ မဟုတ်ရင် ဒုတိယနဲ့ တတိယမရီးတွေက အိမ်မှာ ပျင်းရိသူတွေ ရှိတယ်လို့ ခံစားရပြီး အသက်ရှင်နိုင်မည် မဟုတ်ပေ။

တကယ်တော့ သူ့အနှစ်သက်ဆုံးအရာက သူ့အမေကို မြို့ထဲကို ကြက်ဥရောင်းဖို့ ကူညီပေးတာဖြစ်ပြီး အရမ်းစိတ်ဝင်စားဖို့ကောင်းတာ တွေ့ရသည်။ အပြန်နှစ်နာရီကျော်လောက် လမ်းလျှောက်သွားရင်တောင် ပင်ပန်းတယ်လို့ မခံစားရဘူး။ မိသားစုကို ထောက်ပံ့ဖို့ မြို့ထဲသွားရောင်းတဲ့ အချိန်က သူ့ကို အရမ်းဝမ်းနည်းစေသည်။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now