အပိုင်း ၁၇.၁ - ကံကြမ္မာဆိုးကို ကျော်လွှားခြင်း (၁)

2.8K 344 1
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၁၇.၁ - ကံကြမ္မာဆိုးကို ကျော်လွှားခြင်း (၁)


ငါ ဟန်အိုက်ကောနဲ့ သွားလို့ရတယ်လား။

စုယွဲ့က သူမ၏ နှလုံးသားထဲတွင် ပျော်ရွှင်နေသော်လည်း အပေါ်ယံတွင် သူမသည် အံ့သြဟန်ဆောင်ာကာ ပြောခဲ့သည်။ "အစ်ကိုကြီး ဟန်က မနက်ဖြန် ကွန်မြူနတီကို သွားမှာလား။ ဟုတ်တယ်၊ ကျွန်မတို့ အတူတူ သွားလို့ရတာပဲ။"

ဟန်အိုက်ကော မျက်နှာမှာ ဘာအမူအရာမှမရှိဘဲ ပေါ့ပေါ့ပါးပါးပဲ ခေါင်းညိတ်ခဲ့သည်။ "ဟုတ်တယ်"

ဟန်အိုက်မင်က အတော်လေး စိတ်လှုပ်ရှားသွားပြီး ပြောခဲ့သည်။  "အစ်မစုယွဲ့၊ ကျွန်တော် ရွှမ်းဇီတို့ရဲ့အိမ်က နွားလှည်းငှားပြီးပြီ။ မနက်ဖြန် သွားရအောင်၊ အစ်မကိုယ်တိုင် လမ်းလျှောက်စရာမလိုဘူး။"

စုယွဲ့က ရယ်ခဲ့သည်။ "ဒါက အရမ်းကောင်းတာပဲ။ အဲဒါက ငါ့ကို အားထုတ်မှု သက်သာစေတယ်။"

နောက်ဆုံးတော့ သူတို့ သုံးယောက်က နောက်နေ့ မိုးလင်းမှ ထွက်သွားဖို့ သဘောတူလိုက်ကြသည်။ မုန့်ကြိုးလိမ်တွေကိုတော့ ဟန်အိမ်မှာ ထားခဲ့ပြီး မနက်ဖြန် မနက်ခင်းမှာစုယွဲ့နဲ့ တခြားသူတွေက နွားလှည်းနဲ့ တိုက်ရိုက် သယ်သွားလိမ့်မည်။ စုယွဲ့နဲ့ အခြားသူတွေကို ကျောက်ဖန်က သံသယမဖြစ်​စေရန်ပင်။

နောက်နေ့မနက်မှာတော့ တခြားလူတွေအားလုံး အလုပ်သွားကြပြီး စုယွဲ့က လီရှောင်ချင်းကို အနားယူမယ့်အကြောင်း ပြောပြီး ဟန်အိုက်မင် လာခေါ်တာ အိမ်မှာစောင့်နေသည်။

စုယွဲ့က ဟန်အိုက်မင် ခြေထောက်များကိုကြည့်ရန် ဆေးရုံသွားမှာ သိသည်။ သူမသည် တော်တော်ကြာ ပြန်မလာနိုင်ပေ။ သူမသည် မြို့ထဲ၌ နေ့လည်ထမင်းစားရမှာ သေချာသော်လည်း ယခုချိန်တွင် သွားလေရာသွားတိုင်း လက်မှတ်တစ်ခု လိုအပ်သည်။ စျေးကြီးပြီး သူမကိုယ်တိုင်လုပ်ထားတဲ့ အစားအစာလောက်လည်း မကောင်းချေ။

ထို့ကြောင့် ဟန်အိုက်ကောတို့ ညီအစ်ကိုနှစ်ယောက် သူမကို လာမကြိုမီ စုယွဲ့က ပါဝင်ပစ္စည်းများကို မီးဖိုချောင်ထဲသို့ အမြန်ယူကာ အသားများကို လှီးဖြတ်ပြီး အရွက်များကို ဆေးကြောကာ အသားညှပ်ပေါင်မုန့်အနည်းငယ်ပြုလုပ်ရန် ပြင်ဆင်ခဲ့သည်။ ပြီးတော့ ၎င်းတို့ကို အစာခြောက်အဖြစ် မြို့ထဲသို့ ခေါ်သွားခဲ့သည်။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now