အပိုင်း ၃၃ - ဆေးဖက်ဝင်အပင်များ ဝယ်ခြင်း။

2.8K 331 2
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၃၃ - ဆေးဖက်ဝင်အပင်များ ဝယ်ခြင်း။

နေထွက်သောကြောင့် နောက်နေ့တွင် အဖွဲ့ဝင်များက အလုပ်ပြန်စကြသည်။ သို့သော် ပညာတတ်လူငယ်များနေရာက ဆိုးရွားစွာ စိုစွတ်နေသောကြောင့် အိမ်သည် ရှုပ်ပွနေပြီး ပစ္စည်းအများအပြားကို နေရာရွှေ့ကာ ဝယ်ယူခဲ့ရသည်။ထို့ကြောင့် တပ်မဟာသည် ပညာတတ်လူငယ်များကို အခြေချနေထိုင်ခွင့်ပေးခဲ့ပြီး တစ်ရက်အကြာမှ အလုပ် လုပ်ခွင့်ပေးသည်။

စုယွဲ့ အတွက် ဒါက အရမ်းကောင်းတယ်။ သူမက ဟန်အိုက်ကောကို အံ့အားသင့်စေဖို့အတွက် သွားရှာခဲ့ပြီး လီရှောင်ချင်းကို အိမ် သန့်ရှင်းရေးလုပ်ခိုင်းခဲ့ပြီး ဟန်အိမ်ကို သွားခဲ့သည်။

ဟန်မိသားစုရှိ လူအားလုံးက အလုပ်သွားကြပြီး ကလေးအနည်းငယ်သာ အိမ်မှာရှိကြသည်။ မြောင်မြောင်၊ ရှောင်လိန်နဲ့  ထောင်ဟွာ (မက်မွန်လေး)တို့ ကလေး သုံးယောက်က အပြင်တွင် ဆော့ကစားနေကြပြီး အဘွားကြီး ဟန်၊ ဟန်အိုက်ကောနဲ့  ကြာပန်းလေး (ဟဲဟွာ) တို့က မီးဖိုချောင်တွင် မုန့်လုပ်ရန် အလုပ်များနေကြသည်။

စုယွဲ့က မီးဖိုခန်းဆီကို တန်းတန်းမတ်မတ်သွားခဲ့ပြီး သူမ မရောက်မီ သူမအရင်ပြောလိုက်သည်။ “ဒေါ်ဒေါ် ကျွန်မဒီမှာရောက်ပြီ!”

အဘွားကြီး ဟန်က ပြုံးပြီး ပြောခဲ့သည်။ “ဘာလို့ ဒီကို ရောက်နေတာလဲ။ ဒီနေ့ အလုပ်မသွားရဘူးလား။”

စုယွဲ့ သူမကို မျက်တောင်မခတ်ဘဲ သူ့ကို စိုက်ကြည့်ခဲ့သည်။ ဟန်အိုက်ကော မျက်တောင်ခတ်ပြပြီးနောက်မှာ သူမက အဘွားကြီးရဲ့စကားကို ပြန်ပြောခဲ့သည်။ “ဒေါ်ဒေါ်၊ ကျွန်မတို့ ပညာတတ်လူငယ်တွေရဲ့နေရာက မိုးသည်းထန်စွာရွာလို့ ညစ်ပတ်သွားတဲ့အရာတွေ အများကြီးကို ပြန်ဝယ်ရမှာ။ ဒါကြောင့် တပ်မဟာက ဒါကို လုပ်ခွင့်ပေးလိုက်တာ။ မနက်ဖန် အလုပ်သွားရမယ်။”

“ဒီလိုပေါ့” အဘွားကြီး ဟန်က သူမလက်ထဲမှာ ကိတ်မုန့်တွေနဲ့ အလုပ်ရှုပ်နေရင်း ပြောခဲ့သည်။ “မင်း တစ်ခုခု ချို့တဲ့ရင် အဒေါ်အိမ်ကနေ ရနိုင်တယ်။ ဝယ်ဖို့ ပိုက်ဆံမဖြုန်းနဲ့။ မီးဖိုချောင်မှာ ထင်းအလုံအလောက်မရှိရင် အိုက်မင်က မင်းကို ရအောင်ကူညီပေးလိမ့်မယ်။ မိန်းကလေးဖြသ်တဲ့ မင်းက ဘာမှမလုပ်နဲ့။”

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now