အပိုင်း ၁၁.၂ - လမုန့်ရောင်းခြင်း

2.7K 350 0
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၁၁.၂ - လမုန့်ရောင်းခြင်း

ဟန်အိုက်မင်က မရေမတွက်နိုင်သော ငွေများ ဝှေ့ယမ်းနေသည်ကို မြင်လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားစွာ ခြင်းတောင်းကို ကိုင်လိုက်သည်။

စုယွဲ့က သူမ လက်ထဲက ပိုက်ဆံနဲ့ လက်မှတ်တွေကို ရေတွက်လိုက်သည်။ လက်မှတ် ဆယ့်နှစ်စောင်၊ ငါးယွမ်နဲ့ သုံးဆင့် ရှိသည်။ လက်မှတ် ၃ စောင်ကို ထုတ်ယူပြီး နောက်ထပ် တစ်ယွမ်ကို ရေတွက်ကာ ဟန်အိုက်မင်ကို ပေးလိုက်သည်။ " ဒါက ဒီနေ့ မင်းအတွက် ဝေစုပဲ။”

ဟန်အိုက်မင်က ဒီနေ့ သူရထားသည်ကို သဘာဝကျကျ သိသောကြောင့် ချက်ချင်း ခေါင်းယမ်းကာ လက်မှတ်တစ်စောင်နဲ့ နှစ်ဆင့်ကို ထုတ်ကာ စုယွဲ့ကို ပြန်ပေးခဲ့သည်။  “အစ်မစုယွဲ့ လမုန့်လုပ်ဖို့အတွက် ဆီ၊ ဂျုံမှုန့်နဲ့ သကြားလိုတယ်။ ပိုက်ဆံအများကြီး ကုန်ရမယ်။ နောက်ဝယ်ဖို့ ပိုက်ဆံပေးသင့်တယ်။ ပိုက်ဆံ အများကြီးကုန်ရင် ဘယ်လိုလုပ်ပေးမလဲ။"

စုယွဲ့က ကုန်ကျစရိတ်ကို မတွက်ဘဲ ၀င်ငွေပေါ်အခြေခံ၍ ၀င်ငွေ၏ 20% ကို တိုက်ရိုက် ပေးသော်လည်း အခြားသူများက ကျေနပ်စွာလက်ခံမည်ဟု ခန့်မှန်းထားပေမယ့် ဤကလေးက ဤမျှဖြောင့်မှန်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

စုယွဲ့က မကူညီနိုင်စွာဘဲ ဒီက​လေးကို ပိုသဘောကျလာသည်။ ဒီ​ကောင်​​လေးရဲ့ စရိုက်​က တကယ်​​ကောင်းတယ်။ ထိုသို့သောလူများသည် မိတ်ဖက်ကောင်းများ ဖြစ်ကြသည်။

စုယွဲ့က လက်မှတ်နဲ့ ပိုက်ဆံတွေကို မယဉ်ကျေးဘဲ လက်ခံလိုက်ပြီး သူပြန်သွားချိန်မှယ ဆီစိမ်စက္ကူနဲ့ထုပ်ထားတဲ့ အစားအစာတစ်ထုပ်ကို ပေးခဲ့သည်။ "ဒါကို မင်းယူသွား။ အစ်မ စုယွဲ့က မင်းအတွက် ဆုအဖြစ် ဒီနေ့လုပ်ပေးတာ။ ဒါကို မငြင်းနဲ့။"

ဆီစိမ်စက္ကူနဲ့ထုပ်ထားပေမဲ့ ရနံ့က အဆက်မပြတ်ထွက်လာသည်။ ဟန်အိုက်မင်က နှာခေါင်းကို ရှုံ့လိုက်မိပြီး တံတွေးတွေကျလာလို့ ပြုံးကာ ဆီစိမ်စက္ကူကိုယူပြီး ပြောခဲ့သည်။ “အစ်မ စုယွီ၊ ကျွန်တော် မယဉ်ကျေးတော့ဘူး။ ကျေးဇူးတင်ပါတယ် အစ်မ။"

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now