About this series
Ok တိုတိုတုတ်တုတ်ပဲပြောလိုက်ကြရအောင် ယူရီအိုဒီNovelလေးကိုအရမ်းဘာသာပြန်ချင်လွန်းလို့ English translationကိုတွေ့တွေ့ချင်း translatorကိုသွားမေးဖြစ်ခဲ့ပါတယ် ဘာသာပြန်လို့ရမလားလို့ပေါ့နော် ကံမကောင်းစွာနဲ့ပဲယူရီအိုဘာသာပြန်ခွင့်မရခဲ့ပါဘူး ဒါကလည်းသူ့မှာသူ့ရဲ့အကြောင်းပြချက်ရှိပြီးသားဆိုတော့ ယူရီအိုကတော့နားလည်ပေးပါတယ် လက်လျှော့လိုက်ပြီဆိုပြီးငြိမ်လိုက်တဲ့အချိန်မှာ ယူရီအိုဆီကိုညီမလေးတစ်ယောက်ကLinkလာပို့ပေးပါတယ် သူပထမလာပို့တာကဘာသာပြန်ခွင့်မပေးတဲ့သူပါ အဲ့ဒါနဲ့ယူရီအိုလည်းအကျိုးအကြောင်းရှင်းပြတော့ညီမလေးကဒီတစ်ခုကိုရောပြောပြီးပြီလားဆိုပြီးထပ်ပို့လာပါတယ် အဲ့ဒါနဲ့ယူရီအိုလည်းသွားပြောခဲ့တော့ကံကောင်းထောက်မစွာနဲ့ပဲ ယူရီအိုဘာသာပြန်ချင်ရင်ပြန်လို့ရပါတယ်ဆိုပြီးအကြောင်းပြန်လာတော့ ယူရီအိုဒါလေးကိုဘာသာပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ် အရင်ကတည်းကလည်းဘာသာပြန်ချင်နေခဲ့တာ အခုဘာသာပြန်ခွင့်လည်းပေးတယ်ဆိုတော့ရေကန်အသင့်ကြာအတင့်ပေါ့ Descriptionကိုဖြတ်ပီးကြပြီလို့မျှော်လင့်ပါတယ် အဲ့ဒီမှာရေးထားသလိုပါပဲ ဒါဟာယူရီအိုရဲ့ဘာသာပြန်ဖြစ်တာမို့ အမှားတစ်စုံတစ်ရာတွေ့ခဲ့ရင်အဲ့ဒီအမှားဟာယူရီအိုကြောင့်သာဖြစ်ပြီး စိတ်ကျေနပ်စရာကောင်းတဲ့ဝတ္ထုတစ်ပုဒ်ဖြစ်ခဲ့ရင်တော့အဲ့ဒါမူရင်းစာရေးသူနဲ့အင်္ဂလိပ်ဘာသာပြန်ရဲ့လိမ်မာကျွမ်းကျင်မှူကြောင့်ပါပဲ
အကုန်လုံးကမျှော်လင့်နေခဲ့ကြတာမို့အကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ် မျှော်လင့်ချက်တွေနဲ့မကိုက်ညီဘူးဆိုရင်တော့အမိုက်အမဲလေးကိုခွင့်လွှတိဖို့မျှော်လင့်ရင်း
အားလုံးကိုချစ်တဲ့ယူရီအိုခုခို
About this series