14

515 44 2
                                    

Like to be jealous,Like to lure,Like a little,just like

-Mark Masa-

စီးကရက်​တစ်​လိပ်​ကိုမီးညှိလိုက်​တဲ့Jamesကိုကျွန်​​တော်​​ငေးကြည့်​​နေမိတယ်​ သူကဘာမှမ​ပြောပဲစီးကရက်​ကိုပဲဖွာလိုက်​ရှိုက်​လိုက်​လုပ်​​နေတဲ့အပြင်​ ကျွန်​​တော့်​ကိုတစ်​ချက်​က​လေး​တောင်​မကြည့်​ပဲ သူ့အ​ရှေ့တည့်​တည့်​ကိုပဲ​ငေး​နေတာ

"​ရော့"

ကျွန်​​တော်​သူကမ်း​ပေးတဲ့စီးကရက်​ကိုပါးစပ်​ထဲထည့်​လိုက်​တယ်

"မင်းငါ့ကို​ဘာလို့ဒီအထိထွက်​လာခိုင်းတာလဲ"

"ငါမင်းကိုနည်းနည်း​မေးစရာရှိလို့"

"အင်း​ မေး​လေ"

ကျွန်​​တော်​ကြမ်းပြင်​ကမြက်​ခင်းကိုစိုက်​ကြည့်​မ​နေပဲ​ဖြေလိုက်​တယ်​ ဒီတစ်​​ခေါက်​​တော့ကျွန်​​တော်​လုံးဝမငြင်း​တော့ဘူး

Jamesကကျွန်​​တော့်​ကိုနဂိုကတည်းကသတိ​ပေးထားပြီးသား သူနဲ့ကျွန်​​တော်​နဲ့ပတ်​သတ်​မှုကဘာလဲလို့​မေးခဲ့​ပေမယ့်​ ကျွန်​​တော်​ကသူ့ကိုဒီအတိုင်းသူငယ်​ချင်းပဲလို့​ပြောထားခဲ့တာ အခု​တော့သူတားလို့မရ​လောက်​​အောင်​ကိုကျွန်​​တော်​ကနက်​နက်​ရှိုင်းရှိုင်း ကိုသ​ဘောကျ​နေခဲ့ပြီ

"မင်းသူ့ကိုကြိုက်​လား?"

"အင်း"

"သူက​ရောမင်းကိုပြန်​ကြိုက်​လား"

"အဲ့ဒါ​တော့ငါမသိဘူး"

"​ကောင်းသားပဲ ဒီ​တော့ဟိုတစ်​​ယောက်​ကမင်းသူ့ကိုကြိုက်​​နေမှန်း​တောင်​မသိဘူးလား"

Jamesကစိတ်​ပျက်​လက်​ပျက်​နဲ့​ပြောလာတယ်

"အင်း ငါ​ပြောချင်​တာကသူသိချင်​လည်းသိမှာ​ပေါ့"

သေချာ​ပြောရရင်​သူသိ​နေပြီးပြီမဟုတ်​ဘူးလား အ​စောက​လေးတင်​ ကျွန်​​တော်​တို့တစ်​​ယောက်​ကိုတစ်​​ယောက်​အချိန်​အကြာကြီးစိုက်​ကြည့်​​နေခဲ့ကြတာပဲ​လေ ကျွန်​​တော်​သူ့ကိုအချိန်​အကြာကြီး​ငေးကြည့်​​နေခဲ့တာ သူသိ​လောက်​ပါတယ်​ ကျွန်​​တော်​တို့ရဲ့ဆက်​ဆံ​ရေးကိုနာမည်​တစ်​ခုသတ်​မှတ်​ဖို့က​သေ​သေချာချာမရှိ​သေး​ပေမယ့်​ မရှင်းလင်း​သေး​ပေမယ့်​ သူ့အ​ပေါ်မှာထားတဲ့ကျွန်​​တော့်​ရဲ့ခံစားချက်​​တွေက​တော့လုံးဝကိုရှင်းလင်း​နေခဲ့ပြီ

Love MeWhere stories live. Discover now