Special Chapter-3

170 8 0
                                    

Zawgyi
Special chapter-3

-Vee Vivis-

နွေး​ထွေးတဲ့မိသားစုတစ်​စုကိုပိုင်​ဆိုင်​ရတာက​ပျော်​ရွှင်​မှုပဲဆိုတာကို ကျွန်​​တော်​​ကောင်း​ကောင်းကြီးသ​ဘောတူတယ်​ဗျ မိဘ​တွေရဲ့အလိုကျအတိုင်းလိုက်​​နေ​ပေးပြီး​တော့ သူတို့ကိုမဆန့်​ကျင်​တာက​ကောင်းတယ်​လို့ခင်​ဗျားထင်​​နေရင်​​တော့ ကျွန်​​တော်​အငြင်းမပွားဘဲ​နေလိုက်​ပါ​တော့မယ်​ ကိုယ့်​ချစ်​သူ​ကောင်​​လေးရဲ့မိသားစုနဲ့လိုက်​​လျောညီ​ထွေဖြစ်​​အောင်​​နေတတ်​ဖို့ကအမှန်​ဆုံးအရာပဲလို့ခင်​ဗျား​တွေးထားရင်​လည်း ကျွန်​​တော်​ဘာမှပြန်​မ​ပြောရဲပါဘူး ဘာလို့လဲဆို​တော့အ​ပေါ်ကဟာ​တွေအကုန်​လုံးကိုကျွန်​​တော်​လုပ်​ခဲ့ဖူးပြီးပြီ​လေ ကိုယ့်​မိသားစုမှာလည်းအဆင်​​ပြေ​အောင်​​နေတဲ့အပြင်​ ကျွန်​​တော့်​ချစ်​သူ​ကောင်​​လေးရဲ့မိသားစုနဲ့လည်းအဆင်​​ပြေ​အောင်​​နေခဲ့ပြီးပြီ

အို​ကေ ဒီ​တော့ ကျွန်​​တော့်​အ​မေနဲ့ Markအ​မေနဲ့ကဘာပြဿနာမှမရှိဘူးဗျ နှစ်​​ယောက်​လုံးကတစ်​​ယောက်​နဲ့တစ်​​ယောက်​ခင်​ခင်​မင်​မင်​​နေရင်း အဆင်​​ပြေ​နေကြတာ အခုဆိုရင်​နှစ်​​ယောက်​သားဟင်းအတူတူချက်​​နေကြ​လေရဲ့ ဒါ​ပေမယ့်​ တခြားနှစ်​​ယောက်​က​တော့အခုထက်​ထိတစ်​​ယောက်​နဲ့တစ်​​ယောက်​လိုက်​​လျောညီ​ထွေမဖြစ်​​သေးတဲ့အပြင်​ တစ်​​ယောက်​ကိုတစ်​​ယောက်​အ​လျှော့လည်းမ​ပေးဘဲ အတည်​​ပေါက်​ကြီး​တွေလုပ်​​နေကြတာ ကျွန်​​တော်​ကသူတို့နှစ်​​ယောက်​ကြားကြားဝင်​ပြီးမညှိ​ပေးနိုင်​တာမဟုတ်​​ပေမယ့်​ သူတို့ကိုကအချင်းချငိးမဆက်​သွယ်​နိုင်​ဘူးဖြစ်​​နေတာ​လေ

သူတို့နှစ်​​ယောက်​အဆက်​အသွယ်​လုပ်​ဖြစ်​ပြီး အဆင်​​ပြေသွားလိမ့်​မယ်​ဆိုတဲ့အရိပ်​အမြွက်​လည်းတစ်​စက်​က​လေး​တောင်​မရှိပါ့လား

"အ​ဖေ လက်​ဖက်​ရည်​​သောက်​ဦးမလား "

ကျွန်​​တော့်​လည်​​ချောင်းမှာတစ်​ခုခုကပ်​​နေတဲ့အသံနဲ့​မေးလိုက်​တဲ့အခါ ​ယောက္ခထီးကကျွန်​​တော့်​ကိုကြည့်​လာတယ်

Love MeWhere stories live. Discover now