8

545 44 0
                                    

Dog

-Mark Masa-

အရူး​ကောင်

ကျွန်​​တော်​တို့ထွက်​လာကတည်းကအဲ့ဒီစကားလုံးတစ်​လုံးတည်းနဲ့ပဲ ကိုယ့်​ကိုကိုယ်​အထပ်​ထပ်​အခါခါပြန်​ပြီးကျိန်​ဆဲ​နေမိတယ်​ သူ​ပြောတာကိုငြင်းဆန်​ဖို့တတ်​နိုင်​သမျှကြိုးစားခဲ့​ပေမယ့်​ သူကစကားကိုချိုချိုသာသာ​ပြောလာတာနဲ့ကျွန်​​တော်​ကထပ်​ပြီး​တော့သူ့ဆီမှာကျရှုံးသွားတာပါပဲ

ဒါကတကယ်​ရှက်​ချင်​စရာပဲ ကျွန်​​တော်​တစ်​​နေ့ပြီးတစ်​​နေ့တတ်​နိုင်​သမျှကြိုးစားခဲ့တာ​တောင်​မှ သူ့ကိုတတ်​နိုင်​သမျှ​ရှောင်​ခဲ့လျစ်​လျူရှုခဲ့သမျှ သူကကျွန်​​တော့်​ကိုသူ့​ကောင်​မ​လေးကို​ပြော​နေကျစကားမျိုး​တွေနဲ့ချိုချိုသာသာလာ​ပြောတဲ့အခါမှာ ကျွန်​​တော်​ကအမှတ်​မရှိတဲ့အရူးတစ်​​ယောက်​လိုသူ့ဆီကိုတစ်​ခါပြန်​ပြီးကပ်​ပါသွားတယ်​ သူပဲ​ပြောတယ်​သူ့​ကောင်​မ​လေးနဲ့အဆက်​အသွယ်​မရဘူးတဲ့ မနက်​ကသူတို့ချင်းစာပို့ထားကြတာကျွန်​​တော်​မြင်​သားပဲ တီတီတာတာ​တွေ​တောင်​​ပြောထားကြ​သေး သူကျွန်​​တော့်​ကိုညာတာမဟုတ်​ဘူးလား ည​နေခင်းကျ​တော့သူ့​ကောင်​မ​လေးဆီလာရင်းနဲ့ကျွန်​​တော့်​ဆီကိုထပ်​​ရောက်​လာပြန်​တယ်​ သူ့ကိုလျစ်​လျူရှုထားလို့ဆိုပြီး ကျွန်​​တော့်​ကို​အော်​​နေ​ပေမယ့်​  သူ့​ကောင်​မ​လေးဆီကဖုန်း​လာတဲ့အခါမှာ​တော့ဘာမှမဖြစ်​သလိုပဲ ပြီး​တော့အရှက်​မရှိတဲ့သူကကျွန်​​တော့်​ကိုဒီကိုလိုက်​ဖို့​ခေါ်လာ​သေးတယ်​တဲ့

ကျွန်​​တော်​သူနဲ့တတ်​နိုင်​သမျှ​ဝေးသထက်​​ဝေး​အောင်​ အကန့်​​တွေခြားပြီး​နေခဲ့တယ်​ ကျွန်​​တော့်​ရဲ့မဆွတ်​ခင်​ကတည်းကညွတ်​ချင်​​နေတဲ့စိတ်​ကိုထိန်းချုပ်​ဖို့အတွက်​ တတ်​နိုင်​သမျှသူနဲ့မဆက်​ဆံမိ​အောင်​ထိန်းချုပ်​တယ်​ ဒါ​ပေမယ့်​လည်းအခုကျ​တော့သူ့စကား​လေးတစ်​ခွန်းတည်းနဲ့တင်​​ကောက်​​ကောက်​ပါ​အောင်​လိုက်​လာတာများ

သူ့မှာကသူချစ်​ရတဲ့​ကောင်​မ​လေးရှိပြီးသား​လေ

"ငါဒီဆိုင်​မှာခဏရပ်​ပြီး Pad thaiဝင်​ဝယ်​လိုက်​ဦးမယ်​ "

Love MeWhere stories live. Discover now