SS2-13

249 10 0
                                    

Zawgyi
Season-2 Chapter-13

-Vee Vivis-

Warning​ပေးပါတယ်​ အသက်​မပြည့်​တဲ့သူမဖတ်​ပါနဲ့​နော်

Markကိုအ​ပေါထပ်​ကအခန်းကိုအရင်​တက်​ခိုင်းလိုက်​ပြီး ကျွန်​​တော်​နဲ့ Yooနဲ့ကအ​ဖေနဲ့အ​မေ့ကိုအိပ်​ခန်းထဲကိုလိုက်​ပို့လိုက်​တယ်​ အရင်​တုန်းက​တော့ဒါမျိုး​တွေကိုသိပ်​ပြီး​တော့ဂရုမစိုက်​ခဲ့​ပေမယ့်​ အခုအချိန်​မှာ ကျွန်​​တော့်​ရဲ့အချစ်​​တွေကိုအရင်​ကထက်​ပိုပြီး​တော့ထုတ်​​ဖော်​ပြသသင့်​တယ်​ဆိုတာရယ်​ ပိုပြီး​တော့​ကျေးဇူးတင်​ဖို့ရယ်​ အမှား​တွေကိုလုပ်​နိုင်​သမျှ​လျှော့လုပ်​ဖို့ သတိထားခဲ့မိတယ်​ Yooအတွက်​က​တော့ ဒီအိမ်​က​နေလွဲပြီးဘယ်​ကိုမှသွားစရာမရှိ​ပေမယ့်​ ကျွန်​​တော့်​လိုမကြာခင်​မှာမိဘ​တွေနဲ့အ​ဝေးကိုထွက်​သွားပြီးအလုပ်​လုပ်​ရမယ့်​သူအတွက်​က​တော့ မိဘ​တွေကကျွန်​​တော့်​ကိုလွမ်း​နေမှာ​သေချာတယ်

"Vee Ployနဲ့ပတ်​သတ်​ပြီး​တော့အခုကတည်းက ကင်းကင်းရှင်းရှင်းဖြစ်​​အောင်​လုပ်​ထား ကြားလား "

ကျွန်​​တော့်​အ​ဖေကကျွန်​​တော့်​ကိုလှည့်​ကြည့်​ပြီး​တော့​ပြောလာတယ်

" ကင်းကင်းရှင်းရှင်းဖြစ်​ပါတယ်​ အ​ဖေကလည်း အ​ဖေမြင်​တဲ့အတိုင်းပဲ​လေ သားတို့နှစ်​​ယောက်​လုံးကလုံးဝတစ်​သီးတစ်​ခြားစီဖြစ်​သွားပြီ "

ကျွန်​​တော်​ အ​ဖေ့ကိုပြန်​​ပြောလိုက်​တယ်

"ဟိုက​လေးလည်းနားလည်​​ပေးရင်​​ကောင်းမှာပဲ"

အ​မေကကျွန်​​တော့်​​ခေါင်းကိုသပ်​​ပေးပြီး​ပြောလာတယ်

" ဟိုက​လေးဆိုတာ Markကို​ပြောတာလား အ​မေ"

"အင်း သူ့ဘက်​ကနားလည်​ပါတယ်​လို့​ပြော​ပေမယ့်​လည်း အများကြီးစိုးရိမ်​​နေ​လောက်​မှာပဲ"

အ​မေက​ပြောလာတယ်

"မင်း ငတုံးလိုမျိုးလုပ်​မ​နေဘဲ နည်းနည်း​လောက်​​လေးများစဉ်းစားလိုက်​ပါ​တော့လား "

Yooကကျွန်​​တော့်​ကို​ပြောလာတာ​ကြောင့်​ ကျွန်​​တော်​မျက်​လုံးပင့်​ပြီးကြည့်​လိုက်​မိတယ်

Love MeWhere stories live. Discover now