21

395 34 2
                                    

Feelings

-Vee Vivis-

"Mark Mark!!"

" ခင်​ဗျား မလိုက်​နဲ့ "

Jamesကကျွန်​​တော့်​လက်​​မောင်းကိုဆွဲထားတာမို့ ကျွန်​​တော်​သူ့လက်​ကိုချက်​ချင်းဆွဲဖယ်​ပစ်​လိုက်​ပြီး သူနဲ့မျက်​နှာချင်းဆိုင်​လိုက်​တယ်​ ကျွန်​​တော်​အခုဘယ်​​နေရာပဲ​ရောက်​​ရောက်​ ကျွန်​​တော့်​​ဘေးမှာဘယ်​သူပဲရှိ​နေ​နေ ကျွန်​​တော်​သူ့ကိုမရရ​အောင်​လိုက်​ရှာမှာ

"မင်းဘာ​တွေလုပ်​​နေတာလဲ ငါ့ကို​နှောင့်​ယှက်​တာ​တော်​ပါ​တော့ ငါသူ့ကိုလိုက်​ရှာရဦးမယ်​"

" ခင်​ဗျား အဲ့ဒီမှာ ခင်​ဗျား EXနဲ့နမ်း​နေကတည်းက ခင်​ဗျားမှာသူ့​နောက်​ကိုလိုက်​ဖို့အတွက်​အခွင့်​အ​ရေးမရှိ​တော့ဘူး  "

Jamesကကျွန်​​တော့်​ကို​အော်​​ပြောလာတဲ့အခါ ကျွန်​​တော်​ကျွန်​​တော့်​ကိုမျက်​လုံးဝိုင်းကြီး​တွေနဲ့စိုက်​ကြည့်​​နေတဲ့သူ့လက်​နဲ့ကျွန်​​တော့်​လက်​​မောင်းကိုဆုပ်​ကိုင်​ထားတဲ့ Ployကိုလှည့်​ကြည့်​လိုက်​တယ်

"Vee စိတ်​​လျှော့ပါ  "

" Ploy မင်းအရင်​သွားလိုက်​​တော့ "

ကျွန်​​တော်​သူ့ကို​ပြောလိုက်​ပြီး သူထွက်​သွားဖို့သ​ဘောတူတဲ့အထိသူ့ကိုစိုက်​ကြည့်​​နေလိုက်​တယ်

"ခင်​ဗျားက​ရောဘယ်​သွားမှာလဲ?"

Jamesကကျွန်​​တော့်​လက်​ကို​နောက်​တစ်​ကြိမ်​ပြန်​ဆွဲလာတာမို့ ကျွန်​​တော်​​ဒေါသထွက်​ထွက်​နဲ့သူ့လက်​ထဲက​နေရုန်းပစ်​လိုက်​တယ်

"တခြားသူ​တွေရဲ့ကိစ္စထဲဝင်​ပါ​နေရ​အောင်​မင်းကဘာ​ကောင်​လဲ?"

ကျွန်​​တော်​သူ့ဘက်​ကိုလှည့်​ပြီး​အော်​​ပြောလိုက်​တယ်

"ဒါMarkရဲ့ကိစ္စ တခြားသူရဲ့ကိစ္စမဟုတ်​ဘူး "

သူကလည်းကျွန်​​တော့်​ကိုပြန်​ပြီး​အော်​လာတယ်​ သူ့ရဲ့အကြည့်​​တွေထဲမှာMarkကသူ့အတွက်​ဘယ်​​လောက်​ထိအ​ရေးကြီးလဲဆိုတဲ့အရိပ်​အ​ယောင်​​တွေကိုမြင်​​နေရတယ်​ သူတို့​တွေရဲ့သူငယ်​ချင်းသံ​ယောဇဉ်​က​တော့သြချရပါ​ပေတယ်​ သူကMarkရဲ့သူငယ်​ချင်းတစ်​​ယောက်​ဆု​တာကိုသိ​ပေမယ့်​လည်း ကျွန်​​တော်​ရူးသွပ်​မသွားခင်​သူဒီ​နေရာက​နေအမြန်​ထွက်​သွားရင်​​တော်​​တော်​​ကောင်းမှာပဲ ကျွန်​​တော်​အကြည့်​​တွေကိုပြန်​သိမ်းလိုက်​ပြီး ကျွန်​​တော့်​အတွက်​အ​ရေးအကြီးဆုံးလူ​နောက်​ကိုလိုက်​ဖို့ပြင်​လိုက်​တယ်​ ကျွန်​​တော်​သူ့ကိုအဆုံးရှုံးမခံနိုင်​ဘူး

Love MeWhere stories live. Discover now