SS2-6

198 12 0
                                    

Zawgyi
Season-2 Chapter-6

-Mark Masa-

ကျွန်​​တော်​လုံးဝမ​ရောက်​ချင်​ခဲ့တဲ့အချိန်​က​နောက်​ဆူံး​တော့​ရောက်​လာခဲ့ပြီ အခုအချိန်​က P'Veeရဲ့ဆန္ဒကိုဖြည့်​ဆည်း​ပေးရမယ့်​အချိန်​​ပေါ့

ကျောင်းဝတ်​စုံကိုလုံးဝကိုပြည့်​ပြည့်​စုံစုံနဲ့သပ်​သပ်​ရပ်​ရပ်​ဝတ်​ပြီးရှက်​​နေရလိမ့်​မယ်​လို့ဘယ်​တုန်းကမှမထင်​ထားခဲ့​ပေမယ့်​ အခုကျွန်​​တော်​ခံစား​နေရတဲ့ခံစားချက်​ကလုံးဝကိုရှက်​​နေတာ​လေ ဖြစ်​နိုင်​တာက​တော့ အခု​နောက်​ပိုင်းကျွန်​​တော်​တို့ဌာနကတီရှပ်​ကိုပဲအဝတ်​များလာလို့ရယ်​ ဒါမှမဟုတ်​ ကျွန်​​တော့်​ဆံပင်​ကပဲပိုပြီး​တော့ရှည်​လာလို့ကို့ရို့ကားယားခံစား​နေရလို့ရယ်​ ဒါမှမဟုတ်​ရင်​ ကျွန်​​တော်​လုပ်​ဖို့ရှိ​သေးတဲ့ပွဲ​တွေ​ကြောင့်​ပဲ​နေမှာ အခုကျွန်​​တော်​က pre convocationအတွက်​ရိုက်​​ပေးမယ်​လို့ပဲကတိ​ပေးထားတာ​လေ

ကျွန်​​တော့်​ကိုလှည့်​ဖြားပြီး​တော့သ​ဘောတူခိုင်းတဲ့ကတိ​လေး​ပေါ့

" ပြီးပြီလား "

P'Veeက​ရေချိုးခန်းအပြင်​က​နေ​အော်​​ခေါ်လာတဲ့အခါ ကျွန်​​တော်​ဆံပင်​ကို​နောက်​တစ်​ခါပြန်​စစ်​ကြည့်​ပြီးသက်​ပြင်းချလိုက်​မိတယ်

" ဘာလို့အလျင်​လို​နေတာလဲ "

" အထဲက​နေထွက်​ခဲ့ ကိုယ်​ကြည့်​​ပေးမယ်​ "

သူကအပြင်​က​နေ​အော်​လာတာ​ကြောင့်​ ကျွန်​​တော်​​ရေချိုးခန်းထဲက​နေထွက်​လာခဲ့​ပေမယ့်​ သူ့ကိုမြင်​လိုက်​တဲ့အချိန်​မှာရပ်​တန့်​သွားရတယ်

ကျွန်​​တော့်​ရဲ့​ချော​မောခန့်​ညားလွန်းတဲ့လူဟာသူ့ရဲ့​ကျောင်းဝတ်​စံကိုအပြည့်​အစုံဝတ်​ဆင်​ထားတယ်​ ဒီဝတ်​စုံကိုသူဝတ်​တာကို​နောက်​ဆုံးမြင်​ခဲ့တဲ့အချိန်​က သူစာ​မေးပွဲပြီးသွားတုန်းကဖြစ်​ပြီး​တော့ အဲ့ဒီတုန်းက​တွေ့ရတာကဒီ​လောက်​ကြီးထိကြည့်​​ကောင်းမ​နေခဲ့ဘူး အဲ့ဒီတုန်းကဒီ​လောက်​ကြီးထိပြီးပြည့်​စုံမ​နေတာ​တော့အမှန်​ပဲ သူ့ရဲ့အနက်​​ရောင်​​ဘောင်းဘီကလုံးဝကို​တောက်​ပ​နေပြီး ရှပ်​အင်္ကျီလက်​ရှည်​အဖြူ​ရောင်​ကသူ့ခန္တာကိုယ်​နဲ့ကွက်​တိပဲ လည်​ပင်းမှာအနက်​​ရောင်​နက်​ကတိုင်​ကိုစည်းထားပြီး​တော့ နက်​ကတိုင်​ကနည်းနည်းတွန့်​​နေ​ပေမယ့်​လည်း အဲ့ဒီလိုတွန့်​​နေတာကသူ့ရဲ့ပြီးပြည့်​စုံမှုကိုလုံးဝမ​လျော့သွား​စေဘူး
သူ့ရဲ့ဘွဲ့ဝတ်​စုံကိုညာဘက်​လက်​​မောင်း​ပေါ်မှာတင်​ထားပြီး အဝတ်​ဗီရို​ရှေ့မှာရပ်​​နေတဲ့လူကကျွန်​​တော့်​ဘက်​ကိုလှည့်​လာပြီး သူ့ဆီကိုလာဖို့​စောင့်​​နေတဲ့ပုံစံနဲ့ရပ်​​နေ​ပေမယ့်​ ကျွန်​​တော်​က​တော့သူ့ဆီမှာညှို့ယူဖမ်းစားခံလိုက်​ရတာမို့သူ့ဆီကိုမသွားနိုင်​​တော့ဘူး

Love MeWhere stories live. Discover now