SS2-3

319 11 0
                                    

Zawgyi
Season-2 Chapter-3

-Vee Vivis-

ဖျက်​ဆီးခံထားရတာပဲ

အိပ်​ရာတစ်​ခုလုံးကတွန့်​​ကြေ​နေပြီး အိပ်​ရာ​ပေါ်လှဲ​နေတဲ့လူလိုပဲဖျက်​ဆီးခံထားရတာ

ကျွန်​​တော့်​​ဘေးမှာလှဲ​နေတဲ့လူကိုကြည့်​ပြီးတဲ့အခါ ကျွန်​​တော့်​ရင်​ထဲကခံစားချက်​​တွေကိုထိန်းချုပ်​လိုက်​တယ်​ အိပ်​ရာခင်း​တွေကလုံးဝကိုတွန့်​​ကြေ​နေပြီး​တော့ ကျွန်​​တော်​တို့နှစ်​​ယောက်​လုံးမ​နေ့ကညတုန်းက​တော်​​တော်​ကြီးကိုထိန်းချုပ်​မှုလွတ်​သွားတယ်​ထင်​တယ်​ ​စောင်​အပြင်​ဘက်​ကိုထွက်​​နေတဲ့ပုခုံးသားဖြူဖြူ​တွေ​ပေါ်မှာ နည်းနည်းမှိန်​​နေတဲ့အမှတ်​အသား​တွေရှိ​နေခဲ့ပြီး မလုပ်​ပါနဲ့လို့သူ​တောင်းဆိုထားတာကိုမှလုပ်​ခဲ့မိတဲ့ကျွန်​​တော့်​ကိုသူဘယ်​လိုဆူပူမလဲဆိုတာကို​ကျွန်​တော့်​စိတ်​ထဲမှာတွေး​နေမိတယ်​ မ​နေ့ညကအ​တော်​ကြီး​နောက်​ကျမှအိပ်​ရတဲ့​ကောင်​​လေးရဲ့မျက်​နှာအ​နေအထားကပင်​ပန်းတဲ့ပုံတစ်​စက်​က​လေးမှမ​ပေါ်ပဲစိတ်​​ကျေနပ်​မှု​တွေနဲ့ပဲပြည့်​နှက်​​နေတယ်​ ဘယ်​​လောက်​ထိလဲဆိုရင်​ကျွန်​​တော့်​မှာအခုမနက်​ခင်းအချိန်​ပိုင်းကိုသူနဲ့အတူအိပ်​ရာ​ပေါ်မှာသတ်​ပုတ်​ပြီး​နောက်​တစ်​​ခေါက်​​လောက်​အစပျိုးချင်​မိတဲ့အထိပဲ မ​နေ့ညကသူ့ကိုအရူးအမူးဖြစ်​မ​နေခဲ့ဘူးဆိုရင်​ဒီ​နေ့မနက်​ခင်းမှာပါသူ့ကိုအရယူလို့ရ​လောက်​တယ်​ထင်​တာပဲ

"Urgh!!!"

Markကသူ့​ဘေးမှာရှိ​နေတဲ့ကျွန်​​တော့်​ရင်​ခွင်​ကိုလိုက်​စမ်းပြီး​တော့ အခန်းထဲဝင်​လာတဲ့​နေ​ရောင်​ခြည်​ကိုကာကွယ်​ဖို့အတွက်​ကျွန်​​တော့်​ရင်​ခွင်​ထဲကိုတိုးဝင်​လာတယ်​ ကျွန်​​တော်​နာရီကိုကြည့်​လိုက်​တဲ့အခါသိလိုက်​ရတာကကျွန်​​တော့်​မှာသူ့ကိုနည်းနည်း​လောက်​စဖို့အတွက်​အချိန်​ရှိ​သေးတယ်​ဆိုတာပဲ ကျွန်​​တော်​သူ့ကိုလုံးဝမနှိုးပဲသူ့ကိုယ်​​ပေါ်က​စောင်​ကိုဖြည်းဖြည်းချင်းဆွဲချလိုက်​တယ်​ သူ့ရဲ့ခါး ​တောင့်​တင်းတဲ့အ​နောက်​ပိုင်း ပြီး​တော့အ​ရောင်​ခပ်​ရင့်​ရင့်​နဲ့အမှတိ​တွေ အားလုံးကကျွန်​​တော်​စိမ်​​ပြေန​ပြေကြည့်​ချင်​တဲ့အရာပဲ သူ​တောင်းဆိုထားတဲ့အတွက်​​ကြောင့်​ သူ့ကိုယ်​အ​ပေါ်ပိုင်းမှာအမှတ်​​တွေသိပ်​ပြီး​တော့မလုပ်​ခဲ့​ပေမယ့်​ ​ခန္တာကိုယ်​အောက်​ပိုင်းက​တော့ကျွန်​​တော့်​စိတ်​သ​ဘောကျပဲ ဒီလိုမနက်​ခင်းမျိုးမှာသူ့ကိုကျွန်​​တော့်​စိတ်​တိုင်းကျ​တွေ့လိုက်​ရတဲ့အခါ မ​နေ့ညကသူ့ရဲ့​တောင့်​တင်းမှုကိုပြန်​သတိရသွားပြီး သူ့ကိုထိ​တွေ့ချင်​လာတယ်

Love MeWhere stories live. Discover now