Special Chapter-5

310 11 1
                                    

Zawgyi
Special Chapter-5

(Final Chapter)

[T/N Final Special Chapterဖြစ်​တဲ့အတွက်​​ကြောင့်​ အားလုံးဆီက​နေအထူး​တောင်းဆိုချင်​တာ​လေးတစ်​ခုရှိပါတယ်​ ဒီအပိုင်းမှာဖတ်​ရမှာကဇာတ်​​ကောင်​တစ်​ခုချင်းစီရဲ့VeeMarkအ​ပေါ်ထားတဲ့သ​ဘောထား သူတို့ရဲ့ဇာတ်​လမ်းကိုကြုံ​တွေ့ခဲ့တဲ့သူ​တွေက သူတို့ကိုဆု​တောင်း​ပေးထားတာ​တွေကိုဖတ်​ရမှာပါ ဒီ​တော့ အားလုံးကို​တောင်းဆိုချင်​တာက ကိုယ့်​ကိုကိုယ်​ VeeMarkရဲ့မင်္ဂလာ​ဆောင်​မှာတက်​​နေတဲ့လူတစ်​​ယောက်​လိုသ​ဘောထားပြီး သူတို့ရဲ့အချစ်​ခရီးလမ်းကြောင်းမှာအတူစီး​မျောခဲ့သမျှပြန်​ပြီး​တော့Comment​လေး​ရေး​ပေးကြပါလို့ ယူရီအိုကိုယ်​တိုင်​လည်း​အောက်​ဆုံးမှာ​ရေးထားပါ့မယ်​]

'Special Person'

Mark​ပြောခဲ့သလိုပဲ ဒီမင်္ဂလာ​ဆောင်​ဟာမင်္ဂလာ​ဆောင်​နဲ့​တောင်​မတူဘဲ ​ကျောင်းသား​ဟောင်းများ​တွေ့ဆုံပွဲနဲ့တူ​နေခဲ့တယ်​ တခြားလူ​တွေပြန်​သွားတဲ့အချိန်​ထိ ဒီသူငယ်​ချင်းအုပ်​စုက​တော့မပြန်​နိုင်​​သေးဘဲကျန်​​နေခဲ့ကြပြီး Vee​ပြောထားသလိုအများကြီးမဟုတ်​​ပေမယ့်​လည်း နည်းနည်း​တော့များ​နေ​သေးတာပါပဲ Veeက​တော့ အကုန်​လုံးဒီ​နေ့မှာအတူတကွ​ပျော်​ကြတာကိုပဲဝမ်းသာ​နေမိတယ်

အဓိကက​တော့ မနက်​ခင်းပွဲနဲ့ည​နေခင်းပွဲပဲ

"ဒီ​နေ့တို့​တွေဒီကို​ရောက်​​နေတာဟာ အ​ဖေ့ကိုဒုက္ခရှာဖို့ပဲလို့အကုန်​လုံးကထင်​ထားကြ​လောက်​​ပေမယ့်​ အဲ့ဒီလိုမဟုတ်​ပါဘူး​နော်​ တကယ်​ကအ​ဖေတို့အတွဲအတွက်​ခံစားရသမျှအကုန်​လုံးကို​ပြောပြချင်​တာပါ "

Nong Markရဲ့သူငယ်​ချင်းတစ်​​ယောက်​နဲ့ P'Veeရဲ့သူငယ်​ချင်းတစ်​​ယောက်​ကို​မေးခွန်း​တွေ​မေးပြီးသွားတဲ့အချိန်​မှာ MCက​ပြောလာတယ်

"အခု​နောက်​ထပ်​​ပြော​ပေးမယ့်​သူကဘယ်​သူများလဲ Dew "

"သူငယ်​ချင်း​တွေထဲကတစ်​​ယောက်​​လောက်​​ရွေးလိုက်​​လေ "

Dewက​ပြောလိုက်​တယ်

"တို့ကို​ရွေး​စေချင်​တာလား ဒါဆိုတို့​ရော​ပြောလို့ရလား "

Love MeWhere stories live. Discover now