SS2-1

379 13 0
                                    

Zawgyi
Season-2 Chapter-1

-Vee Vivis-

အင်​ဂျင်​နီယာ​ကျောင်းတက်​တာကြာ​လေ​လေ လူပုံစံကပိုပြီး​တော့စုတ်​ပြတ်​သတ်​လာ​လေလို့ဘယ်​​ကောင်​​ပြောတာလဲ ကျွန်​​တော်​က​တော့အဲ့ဒီအဆိုကို​ခေါင်းမာမာနဲ့ကိုဆန့်​ကျင်​တယ်​ ​ဒီအဆိုကိုဘာလို့ဆန့်​ကျင်​ရလဲဆို​တော့ ကျွန်​​တော်​သတိထားမိသ​လောက်​​တော့ အင်​ဂျင်​နီယာ​ကျောင်းတက်​တာကြာ​လေ​လေ ပိုပြီး​တော့​ချောလာ​လေ​လေပဲ

ကျွန်​​တော်​ဝန်​ခံရမှာတစ်​ခုက ဘွဲ့ရသွားတဲ့စီနီယာ​တွေ ဥပမာကျွန်​​တော့်​လို​ပေါ့ အဲ့ဒီလိုဘွဲ့ရသွားတဲ့သူ​တွေကသူတို့ဘွဲ့ရသွားပြီဆိုတာနဲ့သူတို့က​တော့ရှုံး​တော့မှာပဲဆိုတာကိုနားလည်​လာကြတယ်​ ဒါ​ပေမယ့်​လည်း သူတို့​တွေဆရာဝန်​ကိုရှုံးတာပဲဖြစ်​ဖြစ်​ ​ရှေ့​နေကိုရှုံးတာပဲဖြစ်​ဖြစ်​ သူတို့​တွေရဲ့ရုပ်​​ချောမှု​တွေက​တော့​လျော့မသွားဘူး အသက်​ကြီးလာတာနဲ့အမျှရုပ်​​ချောတာကရပ်​တန့်​သွားမယ်​ဆိုရင်​ ကျွန်​​တော်​လည်းဒီတတိယနှစ်​က​ကောင်​​လေး​နောက်​က​နေတ​ကောက်​​ကောက်​လိုက်​ပြီး​တော့​စောင့်​ကြည့်​​နေရမှာမဟုတ်​ဘူး အင်း သူကအခုတတိယနှစ်​ကို​ရောက်​​နေပြီး​တော့ တစ်​ခြားက​လေး​တွေရဲ့စီနီယာဖြစ်​​နေတယ်​ဆို​ပေမယ့်​ သူကအခုထက်​ထိကျွန်​​တော့်​ရဲ့က​လေး​လေးပါပဲ

Mark masaလို့နာမည်​ရတဲ့ကျွန်​​တော့်​ရဲ့တစ်​ဦးတည်း​သောက​လေး​လေး​ပေါ့

"P'ကအလုပ်​မလုပ်​ဘူးလား ဘာလို့​နေ့တိုင်းသူ့ဆီကိုပဲ​ရောက်​လာ​နေတာလဲ "

Fuseကကျွန်​​တော့်​ကို​မေးလာတာမို့ ကျွန်​​တော်​လည်းဆရာဝန်​​ကောင်​​လေးတစ်​​ယောက်​ကိုရည်းစား​တော်​ထားတဲ့ကျွန်​​တော့်​ဂျူနီယာ​လေးကိုပြန်​ကြည့်​လိုက်​တယ်​ ဟုတ်​တယ်​ ဒီတစ်​​ခေါက်​လည်းဆရာဝန်​ပဲ သွားဆရာဝန်​ဆို​ပေမယ့်​လည်းသူကဆရာဝန်​စာရင်းဝင်​​နေတာပဲ

" ငါကအခုထက်​ထိအလုပ်​မရှိ​သေးဘူး​လေ မင်းကမှစာ​တွေဒီ​လောက်​သင်​​နေရတာ​တောင်​မင်းမိန်းမဆီကိုခဏခဏအ​ပြေးသွား​နေတာမလား "

Love MeWhere stories live. Discover now