SS2-8

235 10 0
                                    

Zawgyi
Season-2 Chapter-8

-Mark Masa-

ကျွန်​​တော့်​အိတ်​ကိုအပြီးသတ်​ထုပ်​ပိုးလိုက်​ပြီး P'Veeရဲ့အိတ်​ကိုတစ်​ချက်​ပြန်​စစ်​လိုက်​တယ်​ ကျွန်​​တော့်​ကိုအိတ်​​​တွေထုပ်​ပိုးခိုင်းထားတဲ့လူကြီးက​တော့​ရေချိုးခန်းထဲ​ရောက်​​နေပြီး အဲ့ဒီထဲ​ရောက်​​နေတာအချိန်​​တော်​​တော်​ကြာ​နေပြီဆို​တော့ခဏ​နေရင်​သူပြန်​ထွက်​လာ​တော့မှာ​သေချာတယ်

ကျွန်​​တော်​တို့အခုအိမ်​ကိုပြန်​မလို့လုပ်​​နေတာ အ​မေကကျွန်​​တော့်​ကိုမနက်​ဖြန်​ကျရင်​​လေယာဉ်​ပျံနဲ့လာခဲ့လို့​ပြောထား​ပေမယ့်​ ​လေယာဉ်​လက်​မှတ်​စရိတ်​ကိုမုန်းတဲ့သူကြီးကသူကား​မောင်းပါ့မယ်​ဆိုပြီး​ပြောလာတယ်​ သူကဆက်​​ပြောလာတာက ဒီလိုသွားတာကပိုက်​ဆံကိုအလကားဖြုန်းတီးတာဖြစ်​တယ်​ဆိုတဲ့အ​ကြောင်းရယ်​ကားမှာပိုကုန်​သွားတဲ့ဆီဂါလံအနည်းငယ်​ကအဲ့ဒီစက်​အကြီးကြီးမှာကုန်​မယ့်​ပိုက်​ဆံထက်​ပိုပြီး​တော့နည်းတာမို့သူ့အစီအစဉ်​ကပို​ကောင်းပါတယ်​တဲ့

ကျွန်​​တော်​တို့က​တော့ စ​နေ​နေ့မနက်​ခင်းနှစ်​နာရီသုံးနာရီ​လောက်​ကိုဒီက​နေစထွက်​မယ်​လို့စီစဉ်​ထားတယ်​ အ​ဖေ့​​မွေး​နေ့ပွဲကည​နေခင်းမှဆို​ပေမယ့်​လည်း အရာရာကိုပြင်​ဆင်​ထားချင်​တဲ့ P'Veeကဘန်​​ကောက်​ကိုတတ်​နိုင်​သမျှ​စော​စော​ရောက်​ချင်​တာ​ကြောင့်​ဒီလိုသွားဖို့စီစဉ်​လိုက်​ရတာ

" မင်းကိုယ့်​အတွက်​Suit​ကောင်း​ကောင်း​လေး​ရွေး​ပေးထားတယ်​မလား "

P'Veeကအခန်းထဲက​နေဆံပင်​သုတ်​ရင်းနဲ့ထွက်​လာပြီး​မေးလိုက်​တာမို့ ကျွန်​​တော်​​ခေါင်းငြိမ့်​ပြလိုက်​တယ်

" အဲ့ဒီ​လောက်​ကြီးထိ​ရွေးစရာလည်းမရှိပါဘူး "

ကျွန်​​တော်​သူ့ကိုပြန်​​ပြောလိုက်​တယ်

" ကိုယ်​ကမင်းအ​ဖေ​ရှေ့မှာကြည့်​​ကောင်းချင်​​နေတာ​လေ "

သူက​ပြောလာတယ်

" P'ကအမြဲတမ်းကြည့်​​ကောင်း​နေတာပဲကို "

Love MeWhere stories live. Discover now