15

617 48 4
                                    

Watching closely

-Vee Vivis-

ကျွန်​​တော်​​ကျောင်းထဲကိုထူးဆန်းတဲ့ခံစားချက်​​တွေနဲ့အတူဝင်​လာခဲ့တယ်​ ကျွန်​​တော့်​အ​တွေး​တွေထဲမှာနစ်​မြုပ်​​နေတာ​တောင်​မှ ကျွန်​​တော့်​နှုတ်​ခမ်း​တွေက​ကော့တက်​​နေတာကိုခံစားမိတယ်​ တစ်​စုံတစ်​​ယောက်​ဆီကချစ်​တယ်​လို့ဝန်​ခံတာကိုခံရတဲ့သူတိုင်း ဒါမျိုးဖြစ်​တတ်​တာကသဘာဝပဲမလား အရင်​တုန်းကဖွင့်​​ပြောမခံရဖူးတဲ့သူလည်းမဟုတ်​ပါပဲ အဲ့ဒီလိုခံစားချက်​ကဘယ်​လိုလဲဆိုတာကိုမသိတဲ့သူလည်းမဟုတ်​ပါပဲ အရမ်းကို​ပျော်​​နေမိတာ သူကကျွန်​​တော့်​အ​ပေါ်ကိုသူငယ်​ချင်းထက်​ပို​နေတယ်​ဆိုတဲ့ခံစားချက်​ကိုရ​နေတာကြာပြီဆို​ပေမယ့်​ သိကြတဲ့အတိုင်းပဲကျွန်​​တော်​ကငတုံး​ကောင်​​လေ

မ​နေ့ညကသူဝန်​ခံတာကိုကြားပြီး​နောက်​မှာကျွန်​​တော်​လုံးဝအိပ်​မရခဲ့ဘူး ကျွန်​​တော်​ဒီအတိုင်းသူ့ကိုပဲ​ငေးကြည့်​​နေမိတာ ကျွန်​​တော်​လုံးဝကိုshockရသွားတာ​ကြောင့်​ ဘာပြန်​​ပြောရမလဲမသိဘူး သူကခါတိုင်းဆိုသူ့ခံစားချက်​​တွေကိုစကားနဲ့​ဖော်​ပြတတ်​တဲ့သူမဟုတ်​ပါဘူး အရက်​မူး​နေလို့များလား သူကကျွန်​​တော်​မူး​နေတာထက်​​တော့ပိုမူးစရာအ​ကြောင်းမရှိ​ပေမယ့်​ ကျွန်​​တော်​မှတ်​မိတာက​တော့သူ့အသံကသြရှရှဖြစ်​​နေပြီး သူ့ပါးနှစ်​ဖက်​ကနီရဲ​နေတာပဲ

"ခဏ​လေး ငါတို့အ​ဖေVeeကဘာလို့ဒီလိုပြုံး​နေတာလဲ "

ကျွန်​​တော့်​သူငယ်​ချင်း​တွေရဲ့စ​နောက်​သံကိုကြားကြားချင်းပဲကျွန်​​တော်​မျက်​နှာထားကိုချက်​ချင်းပြန်​ပြင်​လိုက်​ပြီးပုံမှန်​အတိုင်း​နေလိုက်​တယ်​ ကျွန်​​တော့်​မျက်​နှာကဒီ​လောက်​ကြီးထိပဲထိန်းမနိုင်​သိမ်းမရ​ပေါ်​နေပြီလား

"ဟုတ်​တယ်​ သူ့မျက်​နှာကမ​နေ့ညကသဝန်​တိုတယ်​ဆိုတဲ့Statusကြီးတင်​ပြီးကတည်းကပြုံးဖြီး​နေတာ"

" ဘယ်​သူ့ကိုသဝန်​တိုတာလဲ မင်းသူငယ်​ချင်း​တွေကိုလား "

"Mmmm ဒါ​ပေါ့ သူငယ်​ချင်း​တွေအကုန်​လုံးကိုသဝန်​တိုရတာ​ပေါ့ "

Love MeWhere stories live. Discover now