SS2-22

248 8 0
                                    

Zawgyi
Season-2 Chapter-22

-Mark Masa-

Warning​ပေးပါတယ်

သူ့ကိုသွားခွင့်​မ​ပေးနိုင်​ဘူးဆိုတဲ့အချက်​ကိုရည်​ညွှန်းတဲ့အ​နေနဲ့ ကျွန်​​တော်​P'Veeကိုတင်းတင်းကြပ်​ကြပ်​ဖက်​ထားမိတယ်​ ကျွန်​​တော်​တို့အခု​လေးတင်​​ပြောခဲ့တဲ့ ကျွန်​​တော်​တကယ်​ကြိုးစားချင်​ပါတယ်​ဆိုတာကို​ပြောဖို့အတွက်​ ကျွန်​​တော်​သူ့လက်​ကိုပိုပြီး​တော့ဖြစ်​ညှစ်​လိုက်​မိတယ်​ ကျွန်​​တော့်​ဘက်​ကမ​ပြောင်းလဲဘူးဆိုတာကို​ပြောဖို့အတွက်​ကျွန်​​တော်​သူ့ကို​သေချာစိုက်​ကြည့်​ခဲ့တယ်​ ကျွန်​​တော်​သူ့ကိုကြည့်​ဖို့အတွက်​အရမ်းကို​ကြောက်​​နေခဲ့​ပေမယ့်​လည်း ကျွန်​​တော်​ကအရင်​ကအတိုင်းပဲဆိုတာကိုသူ့ကိုသိ​စေချင်​မိတယ်​ ကျွန်​​တော်​ဒီမှာပဲရှိ​နေ​နေ ဘယ်​​နေရာကိုပဲ​ရောက်​​နေ​နေ အရာအားလုံးကအရင်​ကအတိုင်းပဲရှိ​နေမှာပဲ

" သူနဲ့တုန်းကဘာမှမခံစားမိဘူး "

ကျွန်​​တော်​သူ့ကို​နောက်​တစ်​​ခေါက်​ထပ်​​ပြောလိုက်​တယ်

"Mmm"

"P'..."

"ကိုယ့်​ကို​ပြောပြ​ပေး မင်းဘာလို့အဲ့ဒီလိုလုပ်​ရတာလဲ ဘာလို့ဒီလို​တွေဖြစ်​​နေတာလဲ ကိုယ်​မင်းကိုချစ်​​ပေးတာကမင်းအတွက်​မလုံ​လောက်​ဘူးလား မင်းကိုလုံလုံ​လောက်​​လောက်​အာရုံမစိုက်​​ပေးနိုင်​ဘူးလို့ထင်​လို့လား ဘာလို့လဲ "

သူက​မေးလာတယ်

"ကျွန်​​တော်​..."

" ကိုယ်​အမှားထပ်​လုပ်​မိ​ပြန်​ပြီလား "

"..."

သူဘာအမှားလုပ်​မိလဲလို့​မေးလာတဲ့အခါ ကျွန်​​တော်​ဖြည်း​ဖြည်းချင်း​ခေါင်းခါပြလိုက်​မိတယ်​ သူ့ဘက်​ကဘာအမှားမှမလုပ်​ခဲ့ဘူး​လေ တကယ်​တမ်းအမှားလုပ်​မိတဲ့သူကကျွန်​​တော်​ဖြစ်​​နေမလား​တောင်​မသိဘူး

"အဲ့ဒါဆို သူဘာလုပ်​ခဲ့တာလဲ သူဘယ်​လိုလုပ်​လိုက်​လို့မင်းဒီလိုဖြစ်​သွားတာလဲ မင်းဘာလို့ဒီလိုမျိုးစိတ်​ယိုင်​သွားရတာလဲ "

Love MeWhere stories live. Discover now