Our atmosphere
-Vee Vivis-
ကျွန်တော့်ဘေးမှာရှိနေတဲ့သူကိုအပြုံးတစ်ခုနဲ့ကြည့်လိုက်တယ် ကျွန်တော်ဒီလိုမျိုးပျော်ပျော်ရွှင်ရွှင်နဲ့မပြုံးဖြစ်တာဘယ်လောက်ကြာပြီလဲ Ployနဲ့ပြတ်သွားပြီးကတည်းကလား ဒါမှမဟုတ်နည်းနည်းလောက်ထပ်ပြီးတော့ပြန်သွားမယ်ဆိုရင် Barတို့နဲ့ပတ်သတ်တဲ့ဇာတ်လမ်းစဖြစ်ကတည်းကလား အဲ့ဒီတုန်းကတည်းက ကျွန်တော့်ဘေးကလူကိုအမြဲတမ်းလိုလိုချစ်တယ်လို့ပြောခဲ့ချင်ပေမယ့် တစ်ခုခုကကျွန်တော့်ကိုတားဆီးထားတယ် ဒါပေမယ့်လည်းအခုတော့ဘယ်အရာကမှကျွန်တော်တို့ကိုမတားဆီးနိုင်တော့ပါဘူး ကျွန်တော်ကိုယ်တိုင်ကကျွန်တော်တို့နှစ်ယောက်ရဲ့ဇာတ်လမ်းကိုပြောင်းလဲပစ်လိုက်ပြီမို့လို့လေ
"Ummm"
Markကဒီဘက်ကိုလှည့်လာတာမို့ သူမှီအိပ်ထားတဲ့ကျွန်တော့်ပုခုံးလှုပ်သွားရတယ် ကျွန်တော်တို့အခုထိုင်နေတဲ့နေရာကအခန်းထဲမှာလည်းမဟုတ်ဘူး ကမ်းခြေမှာလည်းမဟုတ်ဘူး ကျွန်တော်တို့အခုရောက်နေတာရထားပေါ်မှာ
တကယ်အံ့သြစရာကြီးဗျာ သူကလိုင်းကားတွေရထားတွေကိုတစ်ခါမှမစီးဖူးဘူးတဲ့ အစောပိုင်းတုန်းကတော့ သူကလေယာဉ်ပျံလက်မှတ်ဖြတ်ပြီးအဆောင်ကိုပြန်မယ်တဲ့လေ ကျွန်တော့်မှာခြေစုံကန်ပြီးငြင်းလိုက်ရတယ် လေယာဉ်လက်မှတ်တစ်စောင်ဈေးဘယ်လောက်ရှိလဲဆိုတာကိုသူမသိဘူးလား ပြီးတော့ဒီလိုအစွန်အဖျားပိုင်းကဆိုပိုပြီးတော့ဈေးကြီးတာပေါ့ ပြီးတော့ဒီလိုရထားစီးတာကအတွေ့အကြုံသစ်တွေကိုရစေတယ်ဆိုတာဒီကောင်လေးနားမလည်ဘူး ရှုခင်းတွေကြည့် စိတ်ကိုအေးဆေးထားပြီး ငြိမ့်ငြိမ့်ငြောင်းငြောင်းနဲ့လိုက်သွားရတာဘယ်လောက်စိတ်ချမ်းသာရလဲ
"ရောက်ဖို့ဘယ်လောက်လိုသေးလဲ"
Markကဆူပုတ်ပြီးမေးလာတော့ကျွန်တော်ပြုံးလိုက်မိတယ်