23

455 38 1
                                    

Missing warmth

-Vee Vivis-

ကျွန်​​တော်​အိပ်​မက်​ဆိုးတစ်​ခုမက်​ခဲ့တယ်

Markကကျွန်​​တော့်​ဆီက​နေထွက်​​ပြေးသွားတယ်​လို့အိပ်​မက်​မက်​ခဲ့တာ အိပ်​မက်​ထဲမှာကျွန်​​တော်​​သေ​တော့မလိုခံစားခဲ့ရတာ ဘယ်​မှာပဲရှာရှာကျွန်​​တော်​သူ့ကိုရှာမ​တွေ့ဘူး သူဘယ်​​နေရာကို​ရောက်​​နေလဲကျွန်​​တော်​မသိဘူး သူ့သူငယ်​ချင်း​တွေကလည်းသူဘယ်​မှာရှိလဲဆိုတာကိုကျွန်​​တော့်​ကိုမ​ပြောပြဘူး အိပ်​မက်​ထဲမှာကျွန်​​တော်​ဘာဆိုဘာမှမလုပ်​နိုင်​ပဲ ဒီအတိုင်းထိုင်​​နေရတာ

"သူငါ့ဖုန်းကိုပြန်​မ​ဖြေဘူး"

ကျွန်​​တော့်​သူငယ်​ချင်းဆီက​နေစကားသံကိုကြားလိုက်​ရတဲ့အခါ ကျွန်​​တော်​မျက်​နှာကိုလက်​နဲ့ပွတ်​မိတယ်​ ကျွန်​​တော်​သူ့ရဲ့အ​​ဆောင်​ကိုလိုက်​သွားပြီး Markကိုဖုန်း​ခေါ်​ပေးဖို့သွား​တောင်းဆိုမိတာ
သူ့ရဲ့စီနီယာကဖုန်း​ခေါ်တာ​ကြောင့်​ဖုန်းပြန်​​ဖြေ​လောက်​ပါတယ်​လို့​မျှော်​လင့်​ထားခဲ့​ပေမယ့်​ အဆုံးသတ်​မှာ​တော့အ​ဖြေကဒုံရင်းဒုံရင်းပဲ

စိတ်​ထဲအ​နှောင့်​အယှက်​ဖြစ်​​နေခဲ့တဲ့အိပ်​မက်​ဆိုးက တကယ်​ဖြစ်​လာခဲ့ပြီနဲ့တူပါရဲ့

နောက်​တစ်​​နေ့​ရောက်​ပြီဆိုရင်​ကိုပဲ​ကျောင်းပြန်​တက်​ရ​တော့မယ်​ဆို​ပေမယ့်​အခုထက်​ထိMarkရဲ့အ​ခြေအ​နေကိုမသိရ​သေးဘူး သူဘယ်​ကို​ရောက်​​နေသလဲကျွန်​​တော်​မသိသလို သူဘာ​တွေလုပ်​​နေလဲဆိုတာကိုလည်းကျွန်​​တော်​မသိဘူး သူဘယ်​အိမ်​ကို​ရောက်​​နေသလဲကျွန်​​တော်​မသိသလို ဘယ်​သူနဲ့အတူရှိ​နေသလဲဆိုတာကိုလည်းကျွန်​​တော်​မသိဘူး သူနဲ့အဆက်​အသွယ်​မရတာကကျွန်​​တော့်​ကိုဘယ်​​လောက်​ထိ​ဒေါသထွက်​​စေသလဲမသိသလို သူနဲ့အဆက်​အသွယ်​ရ​အောင်​ဘယ်​လိုလုပ်​ရမယ်​ဆိုတာကိုလည်းကျွန်​​တော်​မသိဘူး

ဒီလိုမျိုးအဆက်​အသွယ်​မရှိပဲကူရာကယ်​ရာမဲ့အ​ခြေအ​နေကို​ရောက်​သွားလိမ့်​မယ်​လို့ ကျွန်​​တော်​တစ်​ခါမှမ​တွေးခဲ့ဖူးဘူး Markရဲ့တည်​ငြိမ်​မှု​ကြောင့်​ရယ်​ သူ့ရဲ့ ' စောင့်​​နေမယ်​ 'ဆိုတဲ့စကား​ကြောင့်​ ကျွန်​​တော်​သတိလွတ်​သွားခဲ့တာ ဒီလိုအဖြစ်​နဲ့ကြုံမှပဲတိုက်​တိုက်​ဆိုင်​ဆိုင်​​တွေးမိတာ ​စောင့်​ရတဲ့သူရဲ့ခံစားချက်​​တွေအ​ကြောင်း သူကကျွန်​​တော့်​ကိုအမြဲ​စောင့်​​နေမယ့်​သူ ဘယ်​​တော့မှထားမသွားမယ့််​သူလို့​တွေးထားခဲ့တာ ကျွန်​​တော်​ကတကယ့်​​စောက်​ရူးအ​တွေး​တွေကို​တွေးခဲ့မိတာပဲ

Love MeWhere stories live. Discover now