2

811 52 0
                                    

Chapter-2 Not everyone thinks this kind of love is good

-Mark Masa-

"Hey မင်​းနိုးလာပြီလား "

အခန်​းထဲကအသံလာရာ​နေရာကိုလှမ်​းကြည်​့လိုက်​တဲ့အခါ နာကျင်​မှူတစ်​ခုကကျွန်​​တော်​့ခန္တာကိုယ်​တ​လျှောက်​စီးဆင်​းသွားတယ်​ တစ်​ကိုယ်​လုံးစုတ်​ဖြဲခံထားရသလိုမျိုး​အောက်​ပိုင်​းက​တော်​​တော်​ကြီးကိုနာ​နေတာ မ​နေ့ညကဖြစ်​ရပ်​တစ်​ခုချင်​းစီကပိတ်​ကား​ပေါ်ကရုပ်​ရှင်​တစ်​ခုလိုမျိုးကျွန်​​တော်​့အာရုံထဲမှာ​ပေါ်လာတယ်​

ကျွန်​​တော်​သူနဲ့တစ်​ခုခုလုပ်​ခဲ့တယ်​

ပြီး​တော့ ကျွန်​​တော်​ကအလုပ်​ခံရတဲ့သူ

တံခါးမှာမှီရပ်​​နေတဲ့သူကိုကြည်​့​နေရင်​းနဲ့ကျွန်​​တော်​့ရဲ့ခံစားချက်​​တွေက​ရော​ထွေး​နေတယ်​ ကျွန်​​တော်​့ကိုအားရပါးရပြုံးပြ​နေတဲ့သူကိုကြည်​့ပြီး​ဒေါသထွက်​တယ်​ မ​နေ့ညကလူမှန်​းသူမှန်​းမသိမူး​နေခဲ့တဲ့ကိုယ်​့ကိုကိုယ်​လည်​း​ဒေါသထွက်​တယ်​ ကျွန်​​တော်​့ကိုမကြိုက်​တဲ့အတွက်​​ကြောင်​့ P'Barကိုလည်​း​ဒေါသထွက်​တယ်​

" အိပ်​ရာကနိုးလာပြီးငိုယိုမ​နေဘူးဆို​တော့ ​ကောင်​းသားပဲ မ​နေ့ကဘာ​တွေဖြစ်​ခဲ့လဲဆိုတာကိုမှတ်​မိတယ်​မလား "

သူကအိပ်​ရာ​ဘေးဆီကို​လျှောက်​လာရင်​းနဲ့ဂရုတစိုက်​​မေးလာ​ပေမယ်​့ ကျွန်​​တော်​သူနဲ့အကြည်​့ချင်​းလွှဲပစ်​လိုက်​တယ်​

သူ့မျက်​နှာကိုမြင်​လိုက်​ရတဲ့အခါမှာ မ​နေ့ညကဖြစ်​ခဲ့တာ​တွေက ကျွန်​​တော်​့အာရုံထဲမှာမရပ်​မနား​ပေါ်လာတယ်​ နာကျင်​ရလွန်​းလို့ငိုခဲ့ရတာ​တွေ မျက်​ရည်​​တွေစိုစွတ်​​နေတဲ့ကျွန်​​တော်​့မျက်​နှာ ​နောက်​ဆုံးတစ်​ခုက​တော့ ​ပျော်​​နေတဲ့မျက်​နှာအမူအရာနဲ့သူ

ကျွန်​​တော်​တို့နှစ်​​ယောက်​လုံးပြီးသွား​တော့ သန်​့ရှင်​းတာ​တွေဘာ​တွေလည်​း ကျွန်​​တော်​ကိုယ်​့ဘာသာကိုယ်​လုပ်​ရတယ်​ အရမ်​းကိုပင်​ပန်​း​နေလို့ သန်​့ရှင်​း​ရေးလုပ်​ပြီးတာနဲ့ တန်​းပြီး​တော့အိပ်​​ပျော်​သွားတာ ကိုယ်​့ကိုကိုယ်​ဘယ်​လိုသန်​့ရှင်​းခဲ့သလဲ​တောင်​မမှတ်​မိ​တော့ဘူး အရမ်​းကိုပင်​ပန်​းလို့အိပ်​ချင်​​နေတာမျက်​လုံးကို​တောင်​မဖွင်​့ချင်​​တော့တဲ့အထိပဲ
ဒီ​နေရာကဘယ်​​နေရာလဲဘယ်​သူ့အိပ်​ခန်​းလဲဆိုတာကို​တော့​သေချာမသိ​ပေမယ်​့ ခန်​့မှန်​းရမယ်​ဆိုရင်​​တော့ ဒါသူ့ရဲ့အိပ်​ခန်​းပဲဖြစ်​လိမ်​့မယ်​ မ​နေ့ညကဘားက​နေဒီအထိကိုတရွတ်​တိုက်​ဆွဲ​ခေါ်လာခဲ့တဲ့မှတ်​ဉာဏ်​အချို့ကရှိ​နေ​သေးတာကိုး

Love MeWhere stories live. Discover now