SS2-11

198 9 1
                                    

Zawgyi
Season-2 Chapter-11

-Vee Vivis-

ကျွန်​​တော်​အိပ်​ရာထဲမှာဝင်​လှဲလိုက်​ပြီး မ​နေ့ကမှစာ​မေးပွဲပြီးလာတဲ့သူကိုဘာလုပ်​လို့လုပ်​ရမလဲမသိတဲ့အကြည့်​နဲ့ကြည့်​​နေမိတယ်​ အမှန်​​တော့အခုချိန်​မှာကျွန်​​တော်​လုပ်​နိုင်​တာဆိုလို့ သူ့ကိုကျွန်​​တော့်​ရင်​ခွင်​ထဲထည့်​ပြီး​တော့ဖက်​ထားတာကလွဲရင်​တခြားမရှိဘူး Markရဲ့စာ​မေးပွဲကမ​နေ့ကမှပြီးသွားပြီး​တော့ ဒီ​နောက်​ဆုံးဘာသာကိုသူသိပ်​မ​ဖြေနိုင်​ဘူးလို့​ပြောလာတယ်​ ဆရာမကသိပ်​ပြီး​တော့ခက်​တာ​တွေမ​မေး​လောက်​ပါဘူးဆိုတဲ့အ​တွေးနဲ့စာကြည့်​သွားခဲ့​ပေမယ့်​ စာ​မေးပွဲလည်းတကယ်​​ဖြေရ​ရော​မေးခွန်းကသူထင်​ထားခဲ့သလိုဖြစ်​မလာဘူးတဲ့​လေ

သူ​ပြောတာလည်းဖြစ်​နိုင်​ပါတယ်​​လေ သူစာလုပ်​တဲ့အချိန်​တိုင်းသူကအဲ့ဒီဘာသာကိုသိပ်​မလုပ်​ပဲ သူအ​ရေးကြီးတယ်​ထင်​တဲ့တခြားဘာသာ​တွေကိုပဲပိတ်​လုပ်​​နေခဲ့တာကိုး ​ကျောင်းသား​တွေအ​နေနဲ့​ဖြေနိုင်​တဲ့ဘာသာရှိသလိုမ​ဖြေနိုင်​တဲ့ဘာသာရှိတာသဘာဝပဲ​လေ ကျွန်​​တော်​တို့လည်းအကုန်​လုံးကို​ကောင်း​ကောင်းမွန်​မွန်​​လုပ်​နိုင်​တာမှမဟုတ်​တာ

"မင်းနိုး​နေတာကိုယ်​သိတယ်​​နော်​"

ကျွန်​​တော်​သူ့ပုခုံးကိုလက်​နဲ့အသာဆွဲယူပြီး​ပြောလိုက်​တယ်

" နည်းနည်း​လောက်​ထပ်​အိပ်​ဦးမယ်​ "

" ပင်​ပန်း​နေတာလား "

ကျွန်​​တော်​​ခေါင်းငုံ့ပြီး​တော့သူ့ကို​မေးလိုက်​တယ်

" အထိုက်​အ​လျောက်​​နေတတ်​​အောင်​လို့ကြိုးစား​နေတာ "

သူကကျွန်​​တော့်​ကို​မော့ကြည့်​ပြီး​ပြောလာတယ်

" အင်း အခုမှ​တော့ဘာမှလုပ်​လို့မရ​တော့ဘူး​လေ ဟုတ်​တယ်​မလား မင်းစာ​မေးပွဲ​ဖြေပြီးပြီ​လေ "

ကျွန်​​တော်​သူ့​ခေါင်းကိုလက်​နဲ့အသာပွတ်​​ပေးရင်း​ပြောလိုက်​တယ်

"ကျွန်​​တော်​စာ​မေးပွဲမ​အောင်​ရင်​ဘယ်​လိုလုပ်​မလဲ"

" Fရတဲ့သူဆိုတာမရှိပါဘူးကွာ "

Love MeWhere stories live. Discover now