SS2-21

180 11 1
                                    

Zawgyi
Season-2 Chapter-21

-Vee Vivis-

Markနဲ့ကျွန်​​တော်​နဲ့​နောက်​ထပ်​စကားမ​ပြောဖြစ်​​တော့ဘူး ကျွန်​​တော်​တို့ရဲ့ဆက်​ဆံ​ရေးက​တော့တဖြည်းဖြည်းနဲ့ပိုပြီး​တော့ခက်​ခဲလာခဲ့ပြီး ဘယ်​​လောက်​ထိဆိုးလာသလဲဆို အရင်​တစ်​​ခေါက်​ကထက်​​တောင်​ပိုပြီး​တော့ခက်​ခဲတယ်​လို့ထင်​မိတဲ့အထိပဲ အဲ့ဒီအချိန်​တုန်းကကျွန်​​တော်​ကလုံးဝငတုံး​ကောင်​ဖြစ်​​နေခဲ့ပြီး အခုက​တော့အဲ့ဒီလိုမျိုးမဟုတ်​​တော့ဘူး ​ပြောင်းလဲသွားတဲ့သူကကျွန်​​တော်​မဟုတ်​ခဲ့သလို အရင်​တုန်းကလိုတွန့်​ဆုတ်​မ​နေ​တော့ဘူးဆို​ပေမယ့်​ Yiwa​ပြောသလိုငတုံး​ကောင်​လည်းမဟုတ်​ပါဘူး

ပြောင်းလဲသွားတဲ့သူကMarkလို့ဘယ်​သူ့ကိုမှမ​တွေး​စေချင်​ဘူး

ကျွန်​​တော့်​ဘက်​ကမှန်​ကန်​​အောင်​ဘာမှမလုပ်​နိုင်​တဲ့အတွက်​​ကြောင့်​ ​ပြောင်းလဲသွားတဲ့လူကသူသာဆိုရင်​တကယ်​ခက်​ခဲမှာပဲ ကျွန်​​တော့်​ဘက်​ကဘာမှမလုပ်​နိုင်​​တော့သလို ဒီ​လောကကြီးထဲမှာထပ်​ပြီး​တော့မရှိချင်​​တော့ဘူး ကျွန်​​တော့်​အ​နေနဲ့ကြီးပြင်းရဦးမယ်​ဆိုရင်​​တောင်​ ကျွန်​​တော့်​ကိုယ်​ကျွန်​​တော်​​ထောက်​ပံ့​ပေးဖို့အလုပ်​လုပ်​ရမယ်​လို့ကျွန်​​တော့်​ပါးစပ်​က​ပြောခဲ့ပြီး​တော့ ကျွန်​​တော့်​ရဲ့ကိုယ်​ပိုင်​ဘဝအတွက်​ကျွန်​​တော့်​မှာတာဝန်​ရှိတယ်​လို့​ပြောခဲ့တယ်​ဆိုရင်​​တောင်​မှ နှလုံးသားနဲ့ပတ်​သတ်​လာခဲ့ရင်​ ကျွန်​​တော့်​မှာနှလုံးသားမရှိ​တော့ရင်​ ကျွန်​​တော်​လည်းထပ်​ပြီး​တော့တည်​ရှိနိုင်​မှာမဟုတ်​​တော့ဘူး

"Vee Nong Markမလာဘူးလား "

Ployကကျွန်​​တော့်​ဘက်​ကိုလှည့်​ပြီး​မေးလာတယ်

"Semesterအစဆို​တော့သူလည်းစာသင်​ဖို့ပြင်​ဆင်​​နေရမှာ အဲ့ဒါပြီးရင်​​တော့သူအား​လောက်​ပါပြီ "

ကျွန်​​တော်​သူ့ကိုပြန်​​ပြောလိုက်​တယ်

"နင်​တို့နှစ်​​ယောက်​တစ်​ခုခုဖြစ်​ထားတာလား "

Love MeWhere stories live. Discover now