SS2-19

138 8 0
                                    

Zawgyi
Season-2 Chapter-19

-Vee Vivis-

"အဲ့ဒါဆိုလည်း ကျွန်​​တော်​ပဲယူလိုက်​​တော့မယ်​ဗျာ Fxxk "

အ​ပေါ်ကစကားကိုအခု​လေးတင်​​အော်​​ပြောလိုက်​တဲ့Markကို ကျွန်​​တော်​ကြည့်​လိုက်​တယ်​ သူ့တစ်​ကိုယ်​လုံးကတဆတ်​ဆတ်​တုန်​ရီ​နေတာ​ကြောင့်​ သူ​နောက်​တစ်​ခါAi'Tonကို​ပြေးထိုး​တော့မလားလို့ကျွန်​​တော်​စိုးရိမ်​မိပြီး သူ့ကိုယ်​လုံးကိုဖက်​ထားရင်းမယုံနိုင်​တဲ့အကြည့်​​တွေနဲ့ကြည့်​လိုက်​တယ်​ အကုန်​လုံးကတိတ်​ဆိတ်​​နေကြပြီး Markရဲ့အသက်​ရှုသံပြင်းပြင်းရယ်​ Ployရဲ့ရှိုက်​သံကိုပဲကြား​နေရတယ်

"Mark"

ကျွန်​​တော်​သူ့နာမည်​ကိုငြင်​ငြင်​သာသာ​ခေါ်လိုက်​တဲ့အခါ သူကျွန်​​တော့်​ကိုတစ်​ချက်​ကြည့်​လာပြီး Ployကိုပြန်​လှည့်​ကြည့်​လိုက်​တယ်

"က​လေးကို​သေချာ​စောင့်​​ရှောက်​ပါ ကျွန်​​တော်​​မွေးစာရင်းမှာလက်​မှတ်​ထိုး​ပေးမယ်​ "

Ployကချက်​ချင်းငိုချလိုက်​ပြီး သူ့ရဲ့ငိုသံကအ​စောကငိုတာနဲ့ကွဲပြားခြားနား​နေတယ်​ ဒီတစ်​​ခေါက်​ငိုသံက ဒီအ​ခြေအ​နေကြီးက​နေလွတ်​​မြောက်​စရာလမ်း​တွေ့ပြီ စိတ်​သက်​သာရာရသွားပြီဆိုတဲ့အ​နေအထားနဲ့ငို​နေတာ Ployကသူ့က​လေးကိုထိခိုက်​နာကျင်​​အောင်​လုပ်​မယ့်​သူ ရက်​စက်​တတ်​တဲ့သူမဟုတ်​ဘူးဆိုတာကျွန်​​တော်​သိပါတယ်​ သူ့အနားမှာဘယ်​သူမှမရှိ​ခဲ့လို့အ​စောကလိုမျိုး​လျှောက်​​တွေး​နေခဲ့တာ သူ့ကိုသတိ​ပေးမယ့်​လူလည်းမရှိသလို အကြံ​ပေးမယ့်​လူလည်းမရှိတဲ့အပြင်​ သူ့အနားမှာရှိ​နေတဲ့​ကောင်​ကလည်းသူရဲ​ဘော​ကြောင်​တဲ့​ကောင်​ဖြစ်​​နေတယ်​​လေ

"မင်းကလူကြီးလူ​ကောင်းဖြစ်​ချင်​​နေတယ်​​ပေါ့ ​ယောကျာ်းဖြစ်​ချင်​စိတ်​​တွေအဲ့ဒီ​လောက်​​တောင်​များ​နေတာလား "

Ai'Tonရဲ့စကားဆုံးတဲ့အချိန်​ Markကိုထိန်းထားရတဲ့သူကကျွန်​​တော်​မဟုတ်​​တော့ဘဲ Markကကျွန်​​တော့်​လက်​​မောင်းကိုဆွဲထားလိုက်​ပြီး ကျွန်​​တော့်​ကိုတားလာတယ်

Love MeWhere stories live. Discover now