6

639 41 1
                                    

Chapter-6 Things have changed now

-Mark Masa-

ကျွန်​​တော်​စာသင်​ခန်းထဲက​နေတိတ်​တိတ်​က​လေးထွက်​လာလိုက်​တယ်​ အခု​လေးတင်​ပဲတွက်​ရမယ့်​ပုစ္ဆာ​တွေပြီးသွားတာ အမှား​တွေအပြည့်​နဲ့​ပေါ့ ကျွန်​​တော့်​သူငယ်​ချင်း​တွေက​တော့အခုချိန်​ထိ​တောင်​တွက်​လို့မပြီး​သေးဘူး ကျွန်​​တော်​ဂရုမစိုက်​ဘူး သူတို့ရဲ့အမှား​တွေနဲ့ကျွန်​​တော့်​ရဲ့အမှား​တွေကဒီ​နေ့အဖို့​တော့​သေး​သေး​လေး​တောင်​တူမှာမဟုတ်​ဘူး ဘာလို့လဲသိလား သူတို့ကလည်းသူတို့တွက်​ချင်​သလိုတွက်​ထားပြီး ကျွန်​​တော်​ကလည်းကျွန်​​တော်​တွက်​ချင်​သလိုတွက်​ထားတာ​ကြောင့်​ပဲ ကျွန်​​တော်​အမှားတွက်​ထားတာ​တွေကိုဒီ​နေ့အပြီးရှာနိုင်​​လောက်​မယ်​လို့ထင်​ထားခဲ့​ပေမယ့်​ ဒီ​နေ့​တော့မပြီး​တော့ဘူး

ကျွန်​​တော်​တို့အခုအနားယူတဲ့​နေရာကို​ရောက်​​နေတာ​တောင်​မှ ကျွန်​​တော့်​သူငယ်​ချင်း​တွေကတွက်​လို့မပြီး​သေးဘူး ကျွန်​​တော်​စိတ်​ရှူပ်​ရှူပ်​နဲ့ပဲ အားကြိုးမာန်​တက်​ထိုင်​တွက်​​နေတဲ့သူတို့ကိုကြည့်​​နေလိုက်​တယ်​ သူတို့ဘယ်​တုန်းကများစာကိုအဲ့ဒီ​လောက်​ကြိုးစားသွားကြတာလဲ

"Oh P'Vee ဒီကိုဘာလာလုပ်​တာလဲဟင်​ "

Fuseအသံ​ကြောင့်​​မော့ကြည့်​လိုက်​တဲ့အခါကျွန်​​တော်​တို့စားပွဲနားမှာရပ်​​နေတဲ့သူ့ကို​တွေ့လိုက်​ရတယ်​ သူကကျွန်​​တော့်​ကိုပြုံးပြပြီးကျန်​တဲ့သူ​တွေအားလုံးကိုလည်း​မေးဆတ်​ပြီးနှူတ်​ဆက်​လာတယ်

"ငါကမင်းတို့သူငယ်​ချင်းအတွက်​ပစ္စည်းယူလာ​ပေးတာ"

သူကကျွန်​​တော့်​ဆီကိုအိတ်​တစ်​အိတ်​ထိုး​ပေးတယ်

"....."

ကျွန်​​တော်​ဘာမှပြန်​မ​ပြောပဲသူ့ဆီကအိတ်​ကိုဆွဲယူလိုက်​တယ်​ ဒါ​တွေအားလုံးကဟိုတစ်​​နေ့ကစီနီယာYiwaaကကျွန်​​တော့်​ကို​ပေးမယ်​ဆိုပြီး​ပြောထားတဲ့စာရွက်​​တွေ အဲ့ဒါအကုန်​ပဲ ကျန်​တာဘာမှမပါလာဘူး

"ဒီ​တော့ မင်းက​ကျေးဇူးတင်​စကား​လေး​တောင်​မ​ပြော​တော့ဘူးလား"

Love MeWhere stories live. Discover now