Chapter-5 It is what it is
-Vee Vivis-
"Urgh ဖြည်းဖြည်းလုပ်ပါ နာတယ် "
သူကနောက်ကနေတကောက်ကောက်လိုက်လာရင်း သူ့လက်ကိုဆွဲကိုင်ထားတဲ့ကျွန်တော့်လက်ကိုဖြုတ်ဖို့ ကြိုးစားနေတယ် ဒါပေမယ့်လည်းဆောရီးပဲ ကျွန်တော်ကတော့သူ့ကိုလွှတ်ပေးဖို့အစီအစဉ်ကိုမရှိတာ
"သြော် နာနေတယ် နာသေးတယ်ပေါ့ ငါအခန်းကိုလာတော့မင်းကမရှိတော့ဘူးလေ မင်းသာထွက်ပြေးမသွားရင်ဒီကိစ္စကဖြစ်လာပါ့မလား "
ကျွန်တော်အရှေ့ကနေတောက်လျှောက်သွားနေရင်း သူ့လက်ကိုအသေအချာဆွဲထားမိတယ် အခုဖြစ်နေတဲ့ကိစ္စကကျွန်တော့်ကိုတော်တော်ဒေါသထွက်စေတယ် ကျွန်တော်ဓာတ်လှေကားကိုဖွင့်လိုက်ပြီးသူ့ကိုဆွဲထည့်လိုက်တယ် ပြီးတော့ဒေါသအပြည့့်နဲ့သူ့မျက်နှာကိုကြည့်လိုက်တယ်
"ခင်ဗျားကိုဘာတွေများနှောင့်ယှက်နေမိလို့လဲ?"
ငါ့ကိုနှောင့်ယှက်တယ်? ငါကမင်းကိုသူတို့နဲ့သွားပြီးတော့ဇယားမရှူပ်ဖို့ပြောထားပြီးသားလေ ကျွန်တော်သူ့ကိုပြန်စိူက်ကြည့်နေတုန်းမှာပဲ တံခါးကပွင့်လာတာမို့ ကျွန်တော်သူ့လက်ကိုဆွဲပြီးထွက်လာခဲ့လိုက်တယ်
"Ahh နာပါတယ်ဆိုနေ "
ကျွန်တော်တို့သူ့အခန်းနားရောက်လာလေ သူကပိုပြီးတော့ရုန်းလေပဲ
"ဖွင့်လိုက်"
ပတ်ဝန်းကျင်ကသတိမထားမိအောင် ကျွန်တော်အသံကိုနှိမ့်ပြီးပြောလိုက်တယ် တကယ်တော့ကျွန်တော်အရမး်ကိုဒေါသထွက်နေတာ ဒီလောက်ကြီးထိတောင်းဆိုထားပါလျက်နဲ့ကျွန်တော့်သူငယ်ချင်းတွေနဲ့သွားပြီးဇယားရှူပ်နေတဲ့သူ့ကိုအရေခွံဆုတ်ပစ်လိုက်ချင်နေပြီ
"ဘာဖြစ်ချင်နေတာလဲ ဒီအခနး်ထဲဝင်ဖို့တံခါးဖွင့်ပေးရဦးမယ်ပေါ့ ခင်ဗျားမိန်းမအခန်းကဟိုဘက်ကအခနး်လေ"