Special Chapter-2

185 8 0
                                    

Zawgyi
Special chapter-2

-Masa Mark-

ကျွန်​​တော်​အ​မေ့ဗိုက်​ထဲကထွက်​လာကတည်းကသမားရိုးကျဘဝတစ်​ခုမှာ​နေထိုင်​ခဲ့ရတယ်​ ကျွန်​​တော့်​​ဘေးမှာရှိ​နေတဲ့လူ​တွေကလည်းသာမန်​လူ​တွေချည်းပဲ ဒါ​ပေမယ့်​ တစ်​​နေ့မှာ​တော့လူတစ်​​ယောက်​ကကျွန်​​တော့်​ဘဝထဲကိုဝင်​လာခဲ့ပြီး ကျွန်​​တော့်​ဘဝကိုသမားရိုးကျမဟုတ်​ဘဲအထူးတလည်​ဖြစ်​​အောင်​လုပ်​​ပေးခဲ့တယ်

'Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you'

အရင်​နှစ်​​တွေတုန်းကဆို ကျွန်​​တော့်​​မွေး​နေ့​ရောက်​ပြီဆိုရင်​ သူငယ်​ချငိး​တွေနဲ့အရက်​သွား​သောက်​တာပဲဖြစ်​ဖြစ်​ အပြင်​ကိုထွက်​လည်​တာပဲဖြစ်​ဖြစ်​လုပ်​​လေ့ရှိပြီး တချို့နှစ်​​တွေဆိုရင်​​တော့အိမ်​မှာရှိ​နေတာပဲဖြစ်​ဖြစ်​ ဂျပန်​ကိုအလည်​သွားတာပဲဖြစ်​ဖြစ်​လုပ်​​လေ့ရှိတယ်​ နှစ်​နှစ်​ဆယ်​လုံးလုံး နှစ်​စဉ်​နှစ်​တိုင်းကျွန်​​တော့်​ရဲ့​မွေး​နေ့မှာ လုပ်​​နေကျအရာ​တွေကိုပဲထပ်​ခါတလဲလဲလုပ်​ရင်းအဆုံးသတ်​ခဲ့ရ​ပေမယ့်​ ဒီနှစ်​မှာ​တော့ P'Veeနဲ့အတူရှိ​နေခဲ့ပြီ

"Happy birthday "

သူကအပြုံးတစ်​ခုနဲ့အတူ​ပြောလာတယ်

"ဘာလဲ "

P'Veeလက်​ထဲမှာကိတ်​မုန့်​တစ်​ခုကိုကိုင်​ထားတာ​တွေ့လိုက်​ရတာ​ကြောင့်​ ကျွန်​​တော်​ဘာမှပြန်​မ​ပြောဘဲမတ်​တပ်​ရပ်​လိုက်​မိတယ်​ သူကျွန်​​တော့်​ဆီကိုဒီလိုမျိုးကိတ်​မုန့်​ကိုင်​ပြီး​ရောက်​လာလိမ့်​မယ်​လို့မထင်​ထားခဲ့မိဘူး ဒါ​ပေမယ့်​အခု​တော့သူကကျွန်​​တော်​မထင်​ထားတာကိုလုပ်​ပြီး​နေခဲ့ပြီ​လေ

"မြန်​မြန်​မှုတ်​​လေ လက်​နာ​နေပြီ "

ရိုမန်​တစ်​ဆန်​လိုက်​တာ

သူကရိုမန်​တစ်​ဆန်​တတ်​တဲ့လူတစ်​​ယောက်​လို့ P'Veeကခဏခဏ​ပြောဖူးတယ်

ကျွန်​​တော်​တို့ရဲ့အချစ်​​ရေးကို Tossaraထက်​ပိုပြီး​တော့ချိုမြိန်​​အောင်​လုပ်​ပြမယ်​ဆိုတာကို သူအမြဲတမ်း​ပြောခဲ့ပြီးတဲ့​နောက်​မှာ ကျွန်​​တော်​တို့နှစ်​​ယောက်​တည်းကျင်းပတဲ့​မွေး​နေ့ပွဲကိုစီစဉ်​ပြီး​တော့သက်​​သေပြလိုက်​ပြီ

Love MeWhere stories live. Discover now