SS2-18

152 9 1
                                    

Zawgyi
Season-2 Chapter-18

-Mark Masa-

Ploy: Vee ငါကိုယ်​ဝန်​ရ​နေပြီ

Ploy: ငါဘာလုပ်​ရမလဲမသိဘူး

Ploy: ငါဘယ်​သူနဲ့​ဆွေး​နွေးရမလဲဆိုတာလည်းမသိဘူး

Ploy: ဒီလိုမျိုး​Messageပို့ရတာလည်း​တောင်းပန်​ပါတယ်

Ploy:ဒါ​ပေမယ့်​ငါ့မှာတကယ်​ဘယ်​သူမှမရှိလို့ပါ

P'Veeရဲ့ဖုန်းထဲကို​ရောက်​လာတဲ့ Line message​တွေက ကျွန်​​တော်​တို့နှစ်​​ယောက်​ကို ဘာ​ပြောရမှန်းမသိဘဲ တစ်​​ယောက်​နဲ့တစ်​​ယောက်​ကြည့်​​နေ​စေမိတယ်​ ကျွန်​​တော်​တို့နှုတ်​ခမ်း​တွေက​နေဘာစကားမှထွက်​မလာဘဲ အကြည့်​ချင်းပဲဆုံ​နေတယ်​ဆို​ပေမယ့်​ သူ့မျက်​ဝန်း​တွေထဲမှာခံစားချက်​​တွေဘယ်​​လောက်​များများရှိ​နေလဲဆိုတာကို ကျွန်​​တော်​မ​ပြောပြနိုင်​ဘူးဖြစ်​​နေတယ်​ မ​ရေရာမှု​တွေ သနားညှာတာ​ထောက်​ထားမှု​တွေ ဒီ​နေရာမှာတခြားတစ်​​ယောက်​သာဖြစ်​​နေခဲ့ရင်​ ဒီ​လောက်​ကြီးထိထူးဆန်းမှာမဟုတ်​​ပေမယ့်​ အခုကP'Ployဖြစ်​​နေတယ်​​လေ မဟုတ်​ရင်​ကျွန်​​တော်​စိတ်​ထဲ​တောင်​ထား​နေမှာမဟုတ်​ဘူး အခုလက်​ရှိလူကအရင်​တုန်းကရည်းစား​ဟောင်းကိုအ​ကြောက်​ဆုံးပဲဆိုတာကတကယ့်​ကိစ္စကြီးတစ်​ခုပဲ သူတို့နှစ်​​ယောက်​တွဲတာကနှစ်​ရှည်​လများမကြာလိုက်​​ပေမယ့်​ သူက P'Veeရဲ့နှလုံးသားထဲမှာကျွန်​​တော့်​ထက်​အရင်​​ရောက်​​နေခဲ့တာ​လေ

ဒီမတိုင်​ခင်​တုန်းကလည်း သူတို့နှစ်​​ယောက်​တစ်​​ယောက်​ကိုတစ်​​ယောက်​အရမ်းချစ်​ခဲ့ကြတာကိုကျွန်​​တော်​မြင်​ခဲ့ပြီးပြီ​လေ

"Mark"

P'Veeရဲ့အသံကခါတိုင်းထက်​ပိုပြီး​တော့ဩရှရှနိုင်​​နေပြီး သူကျွန်​​တော့်​နာမည်​ကို​ခေါ်လိုက်​ပြီးတဲ့​နောက်​မှာ ကျွန်​​တော့်​ဘက်​ကိုလှည့်​လာရင်းသူ့ဖုန်းကိုထိုး​ပေးလာတယ်

"P'Vee... P' "

" ကိုယ်​ဘာလုပ်​သင့်​သလဲ "

P'Veeကခုံ​ပေါ်မှာထိုင်​ချလိုက်​ပြီး​တော့ လက်​သီးကိုတင်းတင်းဆုပ်​ထားတာ​ကြောင့်​ ကျွန်​​တော်​အရင်​တုန်းကဆုပ်​ကိုင်​ခဲ့ဖူးတဲ့လက်​​ကောက်​ဝတ်​ကဖြူ​လျော်​​နေတယ်

Love MeWhere stories live. Discover now