30

322 23 1
                                    

Zawgyi
Nothing

-Vee Vivis-

ကျွန်​​တော်​အိပ်​တယ်​ အိပ်​ရာက​နေနိုးလာတယ်​ ပြန်​အိပ်​တယ်​ ဖုန်းကိုပဲ​တောက်​​လျှောက်​ကြည့်​​နေခဲ့​ပေမယ့်​လည်း ဘာဆိုဘာမှUpdateတက်​မလာဘူး ​ကျွန်​​တော့်​ရဲ့နောက်​ဆုံး Updateက အရင်​ရက်​ပိုင်းတုန်းက IGမှာတင်​ထားခဲ့တဲ့ပုံ အဲ့ဒီပုံကိုအရမ်းလည်းသ​ဘောကျပြီး Facebookမှာတင်​ချင်​​နေတာ

ကျွန်​​တော်​သူရှိ​နေ​လောက်​မယ့် တခြားApplicationတစ်​ခုထဲကိုဝင်​လိုက်​တယ်​ ဒီ​နေ့က​ကျောင်းပိတ်​တဲ့​နေ့​လေ ပြီး​တော့​နေ့လည်​ခင်း​တောင်​​ရောက်​​နေပြီ ​ကျောင်းပိတ်​တဲ့​နေ့လည်းဟုတ်​တယ်​ ​နေ့လည်​ခင်းလည်း​ရောက်​​နေပြီကို ဘာလို့အဲ့ဒီ​ကောင်​​လေးကလိုင်း​ပေါ်တက်​မလာ​သေးတာလဲ

ကျွန်​​တော်​သက်​ပြင်းချလိုက်​ပြီး ပက်​လက်​လှန်​အိပ်​​နေတာက​နေ ​မှောက်​ခုံပြန်​အိပ်​ပစ်​လိုက်​တယ်​ ကျွန်​​တော်​အရမ်းလွမ်း​နေတဲ့သူ့ကိုHiလို့သွား​ပြောမိမှာကို ကာကွယ်​တဲ့အ​နေနဲ့ အိပ်​ရာ​ပေါ်မှာအိပ်​ရာကို​ခြေ​ထောက်​နဲ့တဘုန်း​ဘုန်းရိုက်​ပြီးထွန့်​ထွန့်​လူး​နေမိတာ ကျွန်​​တော်​ပါပဲ

ကျွန်​​တော့်​ရဲ့Personal Information​တွေကို ​ပြောင်းဖို့ Facebookထဲကိုဝင်​လိုက်​တယ်​ Account nameကိုလည်း​ပြောင်းတယ်​ Profile pictureကိုလည်း​ပြောင်းတယ်​ ​Relationship statusကို Singleလို့​ပြောင်းထားတာက​တော့ဟိုးအရင်​ကတည်းက​ပြောင်းထားတာ

Vee Vivis

2mins ago

Pictures tell feelings

Photo by M

86 likes 39 comments

အချိန်​ကာလ​ကြောင့်​ပဲလား ပုံ​ကြောင့်​ပဲလား Caption​ကြောင့်​ပဲလား​တော့မသိ​ပေမယ့်​ ရုတ်​တရက်​ကြီးခုန်​တက်​လာတဲ့ like​တွေနဲ့ ​Commentတွေ​ကြောင့်​ ကျွန်​​တော်​လန့်​လာရတယ်​ ဒါ​ပေမယ့်​လည်း MarkကိုဒီPostကို​သေမလိုမြင်​​စေချင်​​နေတာ​ကြောင့်​ ဒီလိုLike,commentတွေတက်​လာတာကလည်းအဆိုးထဲကအ​ကောင်းပဲ

Yiwaa:Mဆိုတာဘာလဲ

Pch Porsche:P'Veeပြန်​လာပြီ

Pin Pinna:ရုပ်​​ချော​ချောနဲ့အရူး​လေးပဲ ဒါနဲ့ Mကဘယ်​သူလဲ

Love MeWhere stories live. Discover now