SS2-9-2

145 9 0
                                    

Zawgyi
Season-2 Chapter-9

-Vee vivis-

"ဖ​ယောင်းတိုင်​မရှိရင်​ငါကဘာကိုသွားမှုတ်​ရမှာလဲ  "

Markရဲ့အ​ဖေက​ပြောလိုက်​တယ်

"သားက​မေ့သွားတာ​နေမှာ​ပေါ့ ခဏ​စောင့်​ဦး သွားယူလိုက်​မယ်​ "

အ​မေကပြန်​​ပြောလိုက်​ပြီး ဖ​ယောင်းတိုင်​ယူဖို့ထသွားတယ်

"Um..."

သူ့အ​ဖေကကိတ်​ကိုတည်​တည်​ငြိမ်​ငြိမ်​နဲ့ကြည့်​​နေ​ပေမယ့်​လည်း Markကအခုထက်​ထိသူ့အ​ဖေကိုစကား​ပြောဖို့ကြိုးစား​နေတုန်းပဲ

" ဘာလဲ "

သူ့အ​ဖေကသူ့ကိုပြန်​​မေးလိုက်​တယ်

"သား....သားလုပ်​တာကမလှဘူး အ​မေလုပ်​ထားတာကိုသွားယူလိုက်​မယ်​ "

" မယူနဲ့ "

အ​ဖေ​ပြောလိုက်​တဲ့အချိန်​မှာပဲအ​မေကအခန်းထဲကိုပြန်​​ရောက်​လာခဲ့တယ်​ ဒီအိမ်​မှာအလှဆုံးဖြစ်​တဲ့အမျိုးသမီးဟာအပြုံးတစ်​ခုနဲ့အတူကျွန်​​တော့်​ကိုကြည့်​လိုက်​ပြီးဖ​ယောင်းတိုင်​ကိုကမ်း​ပေးလာတယ်

" ခွင့်​ပြုပါဦး "

ကျွန်​​တော်​ Markရဲ့အ​ရှေ့ဘက်​ကိုတိုးလိုက်​ပြီး  ​မွေး​နေ့နံပါတ်​ဖြစ်​တဲ့ဖ​ယောင်းတိုင်​နှစ်​​ချောင်းကိုကိတ်​မုန့်​​ပေါ်မှာစိုက်​လိုက်​ပြီး​တော့ Markကိုကြည့်​လိုက်​တယ်

"P'Vee"

" လှပါတယ်​ "

ကျွန်​​တော်​သူ့ကိုတိုးတိုး​​လေးပြောလိုက်​တယ်

" မျက်​နှာချို​သွေးမ​နေနဲ့ "

Markရဲ့စကား​ကြောင့်​ကျွန်​​တော်​သူ့ကိုပြုံးပြလိုက်​တယ်

"ကိုယ့်​ကိုယုံ မင်းလုပ်​ထားတာဆို​တော့စား​ကောင်းမှာ​သေချာတယ်​ "

ကျွန်​​တော်​သူ့ကိုအပြုံးတစ်​ခုနဲ့​ပြောလိုက်​တဲ့အခါ ကျွန်​​တော့်​ကိုပြန်​စိုက်​ကြည့်​လာတဲ့သူ့ရဲ့မျက်​ဝန်း​တွေထဲမှာ ယုံကြည်​မှု​တွေပါဝင်​​နေသလိုပဲ တစ်​ကယ်​​တော့ကိတ်​မုန့်​ကအလှကြီးမဟုတ်​သလို သူ​ပြောသလိုနည်းနည်းကြည့်​ရဆိုး​နေတယ်​ဆို​ပေမယ့်​ ကိတ်​မုန့်​ကလှတယ်​လို့သူ့ကို​ပြောလိုက်​တာက ကျွန်​​တော်​သူ့ကိုမျက်​နှာချို​သွေးတာရယ်​​တော့မဟုတ်​ဘူး ကျွန်​​တော်​​ပြောတာကအမှန်​​တွေချည်းပဲ Markလုပ်​ထားတာမို့အဲ့ဒီကိတ်​မုန့်​ကလှကိုလှတယ်

Love MeWhere stories live. Discover now