SS2-15

178 8 0
                                    

Season-2 Chapter-15

-Vee Vivis-

ကျွန်​​တော့်​ကိုချိုမြိန်​တဲ့အနမ်း​တွေဖန်​တီး​ပေး​နေတဲ့ Markကို ကျွန်​​တော့်​ရဲ့လက်​​မောင်း​တွေနဲ့ ပိုပြီး​တော့တင်းတင်းကြပ်​ကြပ်​ဖက်​ထားလိုက်​တယ်​ အခုအချိန်​မှာကျွန်​​တော်​တို့နှစ်​​ယောက်​လုံးက တစ်​​ယောက်​ကိုတစ်​​ယောက်​ဖိကပ်​ထားရင်း ကားရဲ့အ​နောက်​ပိုင်းကိုဖြည်းဖြည်းချင်းမှီလိုက်​တယ်​ ကား​ပေါ်မှာကျွန်​​တော်​တို့​တွေသက်​​သောင့်​သက်​သာ​နေနိုင်​ဖို့ ​စောင်​​တွေအထပ်​လိုက်​ရှိ​နေတဲ့အပြင်​ ကျွန်​​တော့်​ကိုဖက်​ထား​ပေးမယ့်​Markလည်းရှိတယ်​​လေ ဒီ​နေ့ညကလည်း​နောက်​ထပ်​​အေးစက်​တဲ့ညတစ်​ညဖြစ်​ခဲ့ပြီး​တော့ ကျွန်​​တော့်​ကိုအကူအညီ​ပေးနိုင်​မယ့်​​နွေး​ထွေးမှုဆိုလို့ Markတစ်​​ယောက်​တည်းပဲရှိမယ်​ထင်​တယ်​ သူကျွန်​​တော့်​အနားက​နေခဏ​လောက်​ထွက်​သွားလိုက်​ရင်​ကို ကျွန်​​တော့်​ရင်​ထဲကခံစားချက်​​တွေကမ​ကောင်း​တော့တာမို့ သူကိုကျွန်​​တော့်​ရင်​ခွင်​ထဲပြန်​ထည့်​ထားရတယ်​ ကျွန်​​တော်​ဒီ​နေ့တစ်​ညလုံးသူ့ကိုဖက်​ထားချင်​မိတယ်

ဘာလို့လဲဆို​တော့ မနက်​ဖြန်​ဆိုရင်​​​ရောက်​လာမယ့်​ညကဒီ​နေ့ညထက်​ပို​အေး​နေ​တော့မှာ​လေ

" ကျွန်​​တော်​ပြန်​မသွားချင်​ဘူး "

နှစ်​​ယောက်​လုံးကြားမှာဘာစကားသံမှမရှိဘဲတိတ်​ဆိတ်​​နေတုန်း Markက​ပြောလာတယ်​ ကျွန်​​တော်​အခုဘယ်​လိုခံစား​နေရလဲ​သေချာမသိ​ပေမယ့်​ သူအခုရက်​ပိုင်းဒီစကားကိုခါတိုင်းထက်​ပိုပြီး​တော့​ပြော​နေသလိုပဲ အရင်​တုန်းကဆိုရင်​ဒီလိုစကား​တွေကိုကျွန်​​တော်​ကပဲစ​ပြောရတာ​လေ

" ကိုယ်​လည်းဒီကိုမလာချင်​ဘူး "

ကျွန်​​တော်​သူ့ကိုပြန်​​ပြောလိုက်​တယ်

"အင်း "

သူကကျွန်​​တော့်​ရင်​ခွင်​ထဲကို​ခေါင်းမှီချလိုက်​ပြီး ဒူးကိုပိုက်​ထားလိုက်​တယ်​ သူ့ရဲ့အ​ပေါ်ပိုင်းတစ်​ခုလုံးကကျွန်​​တော့်​ရင်​ခွင်​ထဲကို​ရောက်​​နေပြီး ချစ်​စရာ​ကောင်းတဲ့​ခေါင်းလုံးလုံး​လေး​ရောပဲ

Love MeWhere stories live. Discover now