31

328 26 1
                                    

Zawgyi
Confidence

-Mark Masa-

ဆံပင်​ညှပ်​ဆိုင်​က​နေပြန်​ထွက်​​တော့P'Veeကအ​ရှေ့က​နေထွက်​သွားပြီး ကျွန်​​တော်​ကအ​နောက်​က​နေလိုက်​ထွက်​ခဲ့လိုက်​တယ်​ သူ့စိတ်​အ​ခြေအ​နေမ​ကောင်းတာကိုသိ​ပေမယ့်​လည်း ကျွန်​​တော့်​ကိုတစ်​ချက်​က​လေး​တောင်​မ​စောင့်​ပဲ ဒီ​လောက်​ကြီးထိအမြန်​​လျှောက်​မှဖြစ်​မှာလား ကျွန်​​တော့်​အ​ရှေ့ကလူကဆက်​တိုက်​​လျှောက်​​နေပြီး မသိရင်​သူနဲ့ကျွန်​​တော်​နဲ့ကသတ်​သတ်​စီလာတဲ့လူ​တွေကျ​နေတာပဲ ကျွန်​​တော်​လုပ်​နိုင်​တဲ့အရာဆိုတာက သူ့အ​နောက်​က​နေမှီနိုင်​သမျှမှီ​အောင်​လိုက်​သွားဖို့ပဲရှိတယ်​ လူတစ်​​ယောက်​ကိုစိတ်​ဆိုး​ပြေ​အောင်​လုပ်​မယ်​ဆိုရင်​သူ့အ​နောက်​က​နေတ​ကောက်​​ကောက်​လိုက်​တာကလူတိုင်းလုပ်​တတ်​ကြတဲ့ထုံးစံမလား

Thewဆိုတဲ့လူကိုဒီ​နေ့မှကျွန်​​တော်​​တွေ့ဖူးပြီးစကား​လေး​ပြောမိတာ ​ပြောရမယ်​ဆိုကျွန်​​တော်​ကနည်းနည်း​လေးပဲ​ပြောတာ သူသဝန်​တိုတတ်​တယ်​ဆိုတာကို​တော့သူ့ပါးစပ်​ကထုတ်​​ပြောတာရယ်​ သူခဏခဏကျွန်​​တော့်​ကိုပိုင်​စိုးပိုင်​နင်းလုပ်​တာနဲ့တင်​ကို ကျွန်​​တော်​​သေချာသိ​နေပြီ အခု​နောက်​ပိုင်းသူကကျွန်​​တော့်​ဆီက​နေအာရုံစိုက်​မှုကိုအရမ်းလိုချင်​လာတာ ကျွန်​​တော်​ကလည်းသူ့ရဲ့အဲ့ဒီပုံစံကိုအရမ်းစိတ်​ဝင်​စား​နေတာ တကယ်​​တော့ကျွန်​​တော်​ကCentralက​နေထွက်​ပြီးလို့အခန်းကို​တောင်​ပြန်​​ရောက်​​တော့မယ်​ ဒါ​ပေမယ့်​သူကလာမယ်​ဆိုတာနဲ့တင်​ ဒီကိုတစ်​​ခေါက်​ပြန်​လာခဲ့တာ

"P'Vee...."

ဆိုင်​က​နေထွက်​လာပါပြီဆိုကတည်းကငြိမ်​လာခဲ့ရာက​နေ တတ်​နိုင်​သမျှသူ့ကိုအသံချိုချိုသာသာ​လေးနဲ့​ခေါ်လိုက်​​ပေမယ့်

"ဘာလဲ"

သူ့ဆီကပြန်​ရလိုက်​တဲ့​ဒေါသသံ​ကြောင့်​ ကျွန်​​တော်​စိတ်​ရှုပ်​လာတယ်

"ဘာဖြစ်​နေတာလဲ"

ကျွန်​​တော်​စိတ်​ကိုမနည်းဆွဲဆန့်​ပြီး​မေးလိုက်​​ပေမယ့်​ သူက​ရောအဲ့ဒါကိုသတိထားမိပါ့မလား ဒါ​ပေမယ့်​သူက ချက်​ချင်းအ​နောက်​ဘက်​ကိုပြန်​လှည့်​လာပြီး

Love MeWhere stories live. Discover now