27

400 26 6
                                    

Zawgyi
Starting from one

-Mark Masa-

" လွယ်​လိုက်​တာ "

ကျွန်​​တော်​နဲ့P'Veeအ​ကြောင်းကို​ပြောပြပြီးပြီးချင်းမှာပဲ Jamesဆီက​နေထွက်​လာတဲ့စကားက အဲ့ဒီတစ်​ခွန်းတည်းပဲ Windက​တော့ရယ်​ချင်​​နေတဲ့ပုံနဲ့ကြည့်​လာပြီး Kamနဲ့ Fuseက​တော့ ​ခေါင်းတစ်​ငြိမ့်​ငြိမ့်​လုပ်​​နေကြတယ်

"မင်းကဘာ​တွေဆူပူ​နေတာလဲ ပြီးပြီးသားကိစ္စပဲဟာ"

Fuseကဝင်​​ပြောလိုက်​တယ်

"မင်းဟာကလည်း​ဈေး​ပေါလိုက်​တာကွာ အခု​တော့ တန်​ဖိုးတက်​လာ​အောင်
ကိုယ့်​ဘာသာတန်​ဖိုးမြှင့်​မှရ​တော့မှာ "

Windကကျွန်​​တော့်​ကိုပြန်​ကြည့်​ပြီး​ပြောလာတယ်

" ငါကအဲ့ဒီလိုတန်​ဖိုးမြှင့်​တဲ့​နေရာမှာ​ကောင်း​ကောင်းမလုပ်​တတ်​ဘူးထင်​လို့လား "

" ​ကောင်းတာ​ပေါ့!!! "

သူတို့အားလုံးဆီက​နေထွက်​လာတဲ့စကား​ကြောင့်​ ကျွန်​​တော်​သူတို့​တွေကိုလှည့်​ပတ်​ပြီးကြည့်​လိုက်​မိတယ်​ သူတို့က​ပြောလိုက်​ဆိုလိုက်​နဲ့သ​ဘောမတူဘူးဆိုပြီးငြင်း​နေခဲ့ကြ​ပေမယ့်​လည်း ​နောက်​ဆုံးကျ​တော့ သူတို့လည်းP'Veeကိုလက်​ခံ​ပေးလိုက်​ကြတယ်

" မင်းရဲ့​ငေးမှိုင်​ငိုင်​​တွေပြီးသူ့​ကြောင့်​ဖြစ်​ပျက်​​နေတဲ့ပုံကြီးကိုမြင်​ရတာငါတကယ်​စိတ်​ကုန်​တယ်​ "

Kamကကျွန်​​တော့်​ကိုကြည့်​ပြီး​ပြောလာတယ်

"ဒီ​တော့မင်းကသူ့ကိုအခွင့်​အ​ရေးတစ်​ခု​ပေးထားရုံပဲရှိတာ​ပေါ့ ဟုတ်​လား သူကသာ​ကောင်း​ကောင်းမွန်​မွန်​မဆက်​ဆံရင်​ မင်းသူ့ဆီကိုပြန်​သွားစရာမလိုဘူး​နော်​ ငါတို့မှာ​ရွေးချယ်​စရာ​တော့ရှိ​သေးသားပဲ "

Windကကျွန်​​တော့်​ကိုစိုက်​ကြည့်​ပြီး​ပြောလာတယ်

"ဒီတစ်​​ခေါက်​P'Vee မင်းကိုလာ​နှောင့်​ယှက်​ရင်​အဆင်​​ပြေ​အောင်​လို့ ငါမင်း​ဘေးနားမှာရှိ​နေ​ပေးမယ်​ "

Love MeWhere stories live. Discover now