SS2-9-1

163 10 0
                                    

Zawgyi
Season-2 Chapter-9

-Vee vivis-

ယောက္ခမ​လောင်းကသူ့​ယောကျာ်းရဲ့​မွေး​နေ့အတွက်​အိမ်​ကိုလာဖို့ဖိတ်​ထားလို့လာခဲ့​ပေမယ့်​ ကျွန်​​တော်​မွေး​နေ့ရှင်​နဲ့အတူပထမဆုံးလုပ်​ရတဲ့အလုပ်​ကဟင်းသီးဟင်းရွက်​အပင်​​တွေစိုက်​ရတာပဲ

ထမင်းစားတာက​တော့မဖြစ်​မ​နေလုပ်​ရတာမို့လို့ထည့်​မတွက်​​တော့ပဲဒီအတိုင်းထားထားလိုက်​​တော့မယ်​ အခုချိန်​မှဘာလို့ဒီလိုမျိုး​ပြော​နေရလဲဆိုတာက​တော့ ​တော်​ဝင်​ခရမ်းချဉ်​သီးပင်​​တွေကိုစိုက်​ဖို့အတွက်​ ကျွန်​​တော်​အခု​ဂေါ်ပြားနဲ့​မြေကြီးကိုတူးဆွ​နေရတယ်​ အပင်​​တွေ​ရွှေ့ရတာကအဆင်​​ပြေပါတယ်​ ဟင်းသီးဟင်းရွက်​ပင်​​တွေစိုက်​ရတာကကျွန်​​တော့်​အတွက်​လွယ်​တဲ့အလုပ်​ဆို​ပေမယ့်​ ​ယောက္ခမ​လောင်းနဲ့အပင်​စိုက်​မလား ကိုယ့်​မိန်းမနဲ့ထမင်းအတူချက်​မလားဆိုတာကို​ရွေးရရင်​​တော့ နှစ်​ခါပြန်​စဉ်းစားစရာမလိုပဲအ​နောက်​ကဟာကိုတန်းပြီး​တော့​ရွေးပစ်​လိုက်​မှာ

ကျွန်​​တော်​ကအ​ဖေ့ကို​ကြောက်​တာမဟုတ်​ဘူး ကျွန်​​တော့်​မိန်းမနဲ့အ​ဝေးကြီးမှာမ​နေနိုင်​တာပဲရှိတယ်

" ကျင်းတူးတာ​တော်​​လောက်​ပြီ "

သူကကျွန်​​တော့်​ကို​ပြောလာတယ်

" ဟုတ်​ကဲ့ ​တောင်းပန်​ပါတယ်​"

" အပင်​စိုက်​ရတာအာရုံစိုက်​ရတယ်​ကွ တစ်​​ယောက်​နဲ့တစ်​​ယောက်​ ခဏခွဲ​နေရတာကို ဒီလိုမျိုးကြီးဖြစ်​​နေလို့မရဘူး​လေ "

အ​ဖေကအသံခပ်​မာမာနဲ့​ပြောလာတယ်

" ခင်​ဗျာ?"

ကျွန်​​တော်​​ခေါင်းကို​မော့လိုက်​ပြီး သူ့ကိုကြည့်​လိုက်​တယ်

" Markနဲ့ခဏ​လေးခွဲ​နေရတာကို မင်းကလုံးဝကိုမသည်းခံနိုင်​​တော့ဘူးဆိုတဲ့ပုံစံနဲ့လုပ်​​နေတာ​လေ သိပ်​မကြာခင်​မင်းတို့နှစ်​​ယောက်​ကဒီထက်​အ​ဝေးကြီးကိုခွဲ​နေရဦးမှာမဟုတ်​ဘူးလား "

အ​ဖေကကျွန်​​တော့်​ကိုပြန်​ရှင်းပြလာတဲ့အခါ ကျွန်​​တော်​အခုဖြစ်​​နေတဲ့ကိုယ့်​အ​ခြေအ​နေကိုပြန်​ပြီး​တော့သတိထားမိသွားတယ်

Love MeWhere stories live. Discover now