18

741 39 1
                                    

Let it describe our feelings

-Mark Masa-

Warning​ပေးပါ့မယ်​​နော်

ကုတင်​​ဘေးကစားပွဲ​ပေါ်မှာတင်​ထားတဲ့Phone Alarmကမြည်​လာတဲ့အခါ ကျွန်​​တော်​​ဘေးဘက်​ကိုလှည့်​လိုက်​တယ်​ မ​နေ့ညကကျွန်​​တော်​အရမ်းကိုမူး​နေခဲ့​တော့ဘာဆိုဘာမှကိုသိပ်​မမှတ်​မိ​တော့ဘူး ဒီအခန်းထဲကိုဘယ်​လိုပြန်​​ရောက်​လာခဲ့တယ်​ဆိုတာကိုလည်းမမှတ်​မိဘူး ဖုန်းထဲကနာရီကမနက်​ငါးနာရီရှိပြီလို့​ပြော​နေ​ပေမယ့်​ ကျွန်​​တော့်​ခါးကိုတစ်​ခုခုကရစ်​ပတ်​ထားတဲ့အတွက်​​ကြောင့်​ ကျွန်​​တော်​ထလို့မရဘူး ကျွန်​​တော်​လည်​ပြန်​ကြည့်​လိုက်​​တော့ကျွန်​​တော့်​ကိုဖက်​ထားတာကP'Veeရဲ့လက်​​မောင်းဖြစ်​​နေပြီး​တော့သူကလည်းကျွန်​​တော့်​ကိုစိုက်​ကြည့်​​နေတယ်

"မင်းပိတ်​ရမလား ကိုယ်​ပိတ်​ရမလား"

သူကကျွန်​​တော့်​နားနားကိုကပ်​​ပြောလာတာမို့ ကျွန်​​တော်​မျက်​နှာလွှဲလိုက်​ပြီးဖုန်းကိုလှမ်းယူရင်းAlarmကိုပိတ်​လိုက်​တယ်​ ဒါနဲ့သူကဘာလို့ကျွန်​​တော်​နဲ့လာအိပ်​​နေတာလဲ ဒီအခန်းကိုကျွန်​​တော်​တစ်​​ယောက်​တည်းအိပ်​ချင်​တဲ့အတွက်​​ကြောင့် ​ငွေကုန်​ခံပြီ့း​ငှါးထားတယ်​ဆိုတာကိုကျွန်​​တော်​မှတ်​မိ​နေသလိုပဲ

"ဪ မင်းကစိတ်​ရှုပ်​​နေတာလား ဘာလို့အဲ့ဒီလိုကြီးကြည့်​​နေတာလဲ"

သူကဝမ်းလျား​မှောက်​လိုက်​ပြီးမျက်​နှာက​တော့ကျွန်​​တော့်​ဘက်​လှည့်​ထားတယ်

"ဘယ်​တုန်းကဒီအခန်းထဲကိုဝင်​လာတာလဲ?"

" ကိုယ်​ကမ​နေ့ညကတည်းကဒီမှာရှိ​နေတာ​လေ မင်းကိုဒီအထိသယ်​လာ​ပေးပြီးဝင်​အိပ်​လိုက်​တာ "

သူကကျွန်​​တော့်​​ဘေးပိုတိုးကပ်​လာပြီး ကျွန်​​တော့်​ဗိုက်​​ပေါ်ကိုသူ့လက်​တင်​လိုက်​တယ်

"......"

ကျွန်​​တော်​သူ့ကို​မော့ကြည့်​​နေရင်းနဲ့ပဲငြိမ်​​နေမိတယ်​ ဒါကျွန်​​တော့်​ဦး​နှောက်​ကိုအသုံးပြုရမယ့်​အချိန်​ပဲ
သူမ​နေ့ကတုန်းကကျွန်​​တော့်​ကိုဒီအခန်းထဲကိုလိုက်​ပို့တယ်​ဆိုတာကို​တော့သူ​ပြောလို့သိပြီးပါပြီ ဒါ​ပေမယ့်​ကျွန်​​တော်​နားမလည်​တာကသူဘာလို့သူ့အခန်းဆီကိုပြန်​မသွားတာလဲဆိုတာပဲ

Love MeWhere stories live. Discover now